If I Love Him Epiaode(11)

1.6K 87 15
                                    

Unicode#

ဖြူစင်လွန်းတဲ့သူရယ်....
       ကိုယ်ရယ်...
အတူတူနီးစပ်ဖို့အတွက် မဖြစ်နိုင်ဘူးထင်
လရောင်ခန့်သတိမေ့နေတာဒီနေ့က၅ ရက်မြောက်နေ့.....
သူ့အမေ ဒေါ်နန်းဝေလွင်က တစ်နေ့ခင်းလုံးနီးပါးဆေးရုံးမှာရှိနေပြီး ကောင်းကင်ခင်းကတော့ ညတစ်ညလုံးစောင့်သည်...
နေ့ခင်းဘက်တွင်တော့ ကောင်းကင်လင်းက တိုက်ခန်းမှာတင်ပြန်အိပ်သည်..
ညခင်းဘက်မှ လရောင်ခန့်ဆီလာသည်...
တစ်ခါတလေ ဒေါ်နန်းဝေလွင်အလုပ်ကိစ္စရှိသည့်အချိန်တွေဆိုလျှင်တော့ ဆေးရုံမှာပဲအချိန်တွေကိုသူကုန်ဆုံးလေ့ရှိသည်..

လရောင်ခန့်.....
မင်းသိလား....
မင်းမရှိတဲ့နေ့တွေဟာ တကယ်ကိုအထီးကျန်ဆန်လှတယ်ကွာ...
အရင်နွေရာသီတွေတုန်းက ခွဲခဲ့တုန်းက မင်းဆီအကြောင်းမရှိအကြောင်းရှာပြီးတစ်ပတ်တစ်ခါ ဖုန်ဆက်ဖူးတယ်လေ..
ဘာလို့လဲဆိုတော့ မင်းရုပ်ကလေးကိုမမြင်ရရင်တောင်မှ မင်းအသံကိုမကြားရရင် မနေနိုင်ဘူးလေ...
ဒီနေ့မင်းကိုပုံပြင်လေးတစ်ခုပြောပြမယ်မင်းနားထောင်မလား...
ဖျော့တော့နေသော လက်ပိန်ပိန်လေးကို ကောင်းကင်လင်း ဆုပ်ကိုင်ထားမိသည်...

"ဟိုရှေးရှေးတုန်းက.....
ကောင်လေးတစ်ယောက်ရှိခဲ့တယ်..အဲ့ကောင်လေးကအမြဲဂျစ်ကန်ကန်နိုင်တာ သူ့ကိုနိုင်တာဆိုလို့ သူါမိဘတွေပဲရှိတယ်....ဒါတောင် ခဏပဲ..အဲ့ကောင်လေးက သူ့အခန်းဖော်နဲ့တောင်မတည့်ဘူးသူတို့အမြဲတကျက်ကျက်...အဲ့ကောင်လေးကလသူ့အခန်းဖော်ကောင်လေးကိုနာမည်ပြောင်တောင်ပေးထားသေးတယ်.. စာအုပ်ကြီးတဲ့ ....
မင်းသိလား...
အဲ့စာအုပ်ကြီးဆိုတဲ့အခန်းဖော်ကိုငါလုံး၀ကြည့်မရခဲ့ဘူး...
တစ်နေ့တော့ ငါအကြီးအကျယ်ဖျားတယ်ကွာ..
အဲ့တာသူကငါ့အခန်းဆီလာပြီး တစ်နေ့ကုန်ရေပတ်တိုက်ပေးတာ...သူ့ကြောင့်ငါပြန်သက်သာခဲ့တာ...
ဒါပေမယ့် မင်းသိလား...ငါကအတ္တ တအားကြီးလွန်းတယ်...
ငါ့ကိုယ်ငါလည်းတစ်ကိုယ်ကောင်းစိတ်ရှိလွန်းတယ်
တစ်နေ့တော့ ငါက အဲ့စာအုပ်ကြီးလိုခေါ်တဲ့ ငါ့အခန်းဖော်ကိုအထင်လွဲသွားခဲ့တယ်...
အဲ့အချိန်ကနေစပြီးတော့သူ့နဲ့စကားမပြောဖြစ်တော့ဘူး....
နောက်ဆုံး အဲ့ကောင်လေးကဇာတိမြေကိုပြန်သွားရင်း Accident တစ်ခုဖြစ်ပြီးဆေးရုံပေါ်မှာလဲနေတယ်...၅ရက်တောင်ကြာသွားပြီ...အခုထိသတိမရလာသေးဘူးကွာ
ကောင်းကင်လင်းမျက်လုံးမှ မျက်ရည်များက လရောင်ခန့် ခကလေးပေါ် တဖြိုက်ဖြိုက် ကျဆင်းနေသည်...
ပြန်လာပါတော့....
ငါစောင့်နေတယ်နော်....
မင်းကြိုက်တတ်တဲ့ချောကလက်တောင့်လေးတွေလည်း၀ယ်ထားတယ်..
မင်းသူငယ်ချင်းတွေကလည်း ပန်းစည်းတွေနဲ့ မင်းနိုးလာရင်စားဖို့ မုန့်တွေ၀ယ်ထားသေးတယ်...
ငါကိုယ်တိုင်မင်းကိုခွံကျွေးမယ်ကွာ.....
ကောင်းကင်လင်း တစ်ယောက်ထဲကြိတ်ရယ်ရင်းပြောနေသည်။ သူပြောနေသည့်စကားများကိုတော့ လရောင်ခန့်ကြားနိုင်ပါစေ ........
ချစ်ရသူလေး နိုးထမလာသည့်ညတွေဟာ ကောင်းကင်လင်းအတွက် ရှည်ကြာလွန်းလှသည်...
ဒီည က ကြယ်တွေစုံတဲ့လပြည့်ည...
ဝိုင်းစက်နေသည့်လမင်းကြီးနှင့် ဘေးမှခစားနေသော ကြယ်အပေါင်းတို့ကို ဆေးရုံးပြတင်းပေါက်မှနေ၍ မြင်နေရသည်။
ထိုစဉ်.....
" ကောင်း....ကင်....လင်း...."
တီးတိုးခေါ်သံတစ်ခုကိုအမှတ်မထင်ကြားလိုက်ရသည်...
ကောင်ကင်လင်း နောက်ကိုလှည့်ကြည့်သော မျက်လုံးလေးအသာအယာပွင့်လာသော သူ....
ကောင်းကင်လင်းပြောမိသည်..
သူ့စာအုပ်လေးကပြန်လည်နိုးထလာလေသည်...
"စောင့်နေတာ မင်းကို နေ ..နေဉီး ဆရာ၀န်သွားခေါ်လိုက်ဉီးမယ်နော်"
ကောင်းကင်လင်းသွားတော့မည့်အပြု လရောင်ခန့်က မသွားစေချင်....
"နောက် မှ ခေါ် "
စကားလုံးတစ်လုံးချင်းဆီကို တဖြည်းဖြည်းပြောနေသော သူ့ကိုကောင်းကင်လင်း သနားမိသည်ထက်ဂရုဏာပိုမိသည်...
"ငါ  မင်း နဲ့ ခဏ နေ ချင် သေး တယ်"
လရောင်ခန့် စကားကြောင့် ကောင်းကင်လင်း ကသူ့အနားကိုတိုးပြီးလက်ကလေးကိုကိုင်ထားလိုက်သည်...
"မင်းအခုမှသက်သာလာတာလေ...စကားမပြောနဲ့ဉီး"
ကောင်းကင်လင်းအပြောကိုသူက အပြုံးလေးတစ်ပွင့်ဖြင့်အဆုံးသတ်သည်...
"ငါ အရင် က ကိစ္စအတွက် တောင်း ပန် ပါ တယ်"
ရိုးသားဖြူးစင်လွန်းသည့်သူက အခုထိအဲ့ကိစ္စကိုမမေ့နိုင်သေးဘူးတဲ့...
ကောင်းကင်လင်းတို့ကဖြင့်မေ့တာကြာလှ....
"မဟုတ်တာ...ငါကပြောပြီးရင်ပြီးသွားတာပါ ပြီးမေ့သွားတာ ..မင်းကသာစိတ်ထဲထားနေတာ အဲ့တာက မင်းငါ့ကိုဘာမှမလုပ်ဘူးဆိုတာသိတယ်...ဒါပေမယ့် ငါ့စိတ်ထဲမှာတစ်ခုခုရှိနေလို့အဲ့လိုလုပ်မိတာပါ...အဲ့တုန်းက မင်းနာသွားတယ်မလား"
ကောင်းကင်လင်းကမျက်ရည်ဝဲဝဲနှင့်ရှင်းပြလိုက်သည်....
"မင်း စိတ် ထဲ မှာ ငါ့ ကို ဘယ် လို သဘော ထားလဲ"
သူမေးလာသောမေးခွန်းတစ်ခုကို ကောင်းကင်လင်းဖြေဖို့မဝံ့ရဲခဲ့.....
ချက်ချင်းစကားလမ်းကြောင်းလွဲပစ်လိုက်သည်...
"ခဏ ...ငါ ဆရာ၀န်ကြီးနဲ့ သွားပြောရဉီးမယ်...မင်းအမေကိုလည်းဖုန်းဆက်ပြောရဉီးမယ်.သူကတစ်ချိန်လုံးမင်းဘေးမှာရှိနေတာ"
"ဒါဆိုအခုမင်းကရော"
သူပြောသည့်စကားကို လရောင်ခန့် ချက်ချင်းမေးခွန်းထုတ်လိုက်သည်...
ကောင်းကင်လင်းက ဖုန်းကိုကိုင်ထားရင်း
"သူနေမကောင်းလို့ ခုနကတင်ပြန်သွားတာငါ့ကိုဒီနေ့တစ်ရက်စောင့်ပေးပါဆိုလို့"
မသုံးချင်သည့်မုသားစကားကိုသူသုံးလိုက်ရသည်...
သူ၀ရန်တာဘက်ထွက်ပြီး ဒေါ်နန်းဝေလွင်ဆီဖုန်းခေါ်လိုက်သည်..
"အန်တီ လရောင် နိုးလာပြီ"
သတင်းကောင်းအတွက် ဒေါ်နန်းဝေလွင်ထခုန်မတတ် ပျော်မိပါ၏...
"ဟဲ့လ ငါ့သားလေးနိုးပြီတဲ့ ငါ့သားကြိုက်တဲ့ဟင်းတွေဘာတွေအသင့်ပြင်ချက်...ညတွင်းချင်းလေယာဉ်နဲ့ မန္တလေးဆင်းကြမယ်"
ဒေါ်နန်းဝေလွင်၏သူ့အိမ်ကိုပြောစကားကြောင့်အိမ်တော်မှာဆူဆူညံညံဖြစ်သွားပါ၏...
လရောင်ခန့်ဆိုသူမှာလည်း သူတို့အချစ်တော်ပင်....
"အန်တီ နောက်ပြီး ကျွန်တော် ဆေးရုံစောင့်ခဲ့တာတွေသူ့ကိုမပြောပါနဲ့နော်"
"ဟင် "ကောင်းကင်လင်းပြောစကားကိုသူမ အံ့သြမိသည်...
"သူမသိစေချင်လို့ပါ"
​ရိုးရိုးရှင်းရှင်းပြောကြားလာသော သူ့စိတ်ကို ဒေါ်နန်းဝေလွင်သဘောကျမိသည်...
"အင်းပါ ..အဒေါ်ထိန်းသိမ်းထားပါ့မယ်"
သူမမြင်တဲ့အနောက်ဘက်က လရောင်ခန့်ကတော့  ကောင်းကင်လင်း စကားပြောနေသံတွေကိုမကြားဘဲ သူ့အပေါ်စိမ်းစိမ်း ဆက်ဆံနေသော ကောင်းကင်လင်းကြောင့် မျက်ရည်ကျမိပါ၏.....
••••••••••
ကတိအတိုင်းမနက်ခင်းအပ်လိုက်ပြီနော်....
ဖတ်ပေးကြလို့ကျေနပ်မိတယ်...နောက်ကျလို့လည်းတောင်းပန်ပါတယ်နော်...
အားလုံးကိုချစ်..
Vote and feedback လေးတွေလည်းလုပ်ပေးကြပါ
follow သွားကြပါဉီးနော်
😘😘😘😘
AuthorX

IF I Love Him{သူ့ကိုချစ်မိလျှင်}  (Z& U)Where stories live. Discover now