If I Love Him Episode(7)

1.6K 90 7
                                    


Unicode#

"ငါ....ငါ့ကိုမင်းဆွဲခေါ်တာလေ"

လရောင်ခန့်က ကြမ်းပြင်ပေါ်မှ အပေါ်မော့ပြီးမျက်ရည်စက်လျက်နှင့်ပြောလိုက်သည်။

ကောင်းကင်လင်းက မဲ့ပြုံးတစ်ချက်ပြုံး ကာ ရယ်လိုက်သည်။

"ဟား....ဟား.....ဟား.... ငါလိုကောင်က ယောက်ျားလေးတစ်ယောက်နဲ့အိပ်ရအောင်အရူးလာကွ။ဘာလဲ?မင်းက အခြောက်မို့ ငါ့ကိုခွင်လာဖန်တာလား?"

ကောင်းကင်လင်းစကားတွေက နာကျည်းလွန်လှသည်။
ခံပြင်းလွန်းလှသည်။

"ကောင်းကင်လင်း ။စကားပြောတာကြည့်ပြော။မင်းကမင်းလက်နဲ့ ငါကိုချုပ်ထားတာ ငါဘယ်လိုရုန်းရမှာလဲ?"
စီးကျလာသောမျက်ရည်များကို လရောင်ခန့် မထိန်းသိမ်းနိုင်တော့ပါ။

ဖြစ်ပေါ်လာသောရင်ထဲကဒဏ်ရာတွေ......

အချစ်ဉီးက ပထမဆုံးပေးတဲ့ဒဏ်ရာတွေ......

အချစ်ရဲ့ဒဏ်ရာကအဲ့လောက်တောင် နာကျည်းရလား.......

"မင်းထွက်သွားလိုက်တော့....."

ကောင်းကင်လင်းက တံခါးကိုလက်ညှိုးထိုးပြီးပြောလိုက်သည်။

"မင်းသိထားဖို့က ငါ တစ်စုံတစ်ယောက်ရဲ့အချစ်ကိုရဖို့ အဲ့လောက်ထိ မရက်စက်တတ်ဘူး"

လရောင်ခန့် ပြောလိုက်ပြီး မျက်နှာပေါ်ရှိမျက်ရည်တွေသုတ်ကာပြေးထွက်သွားသည်။

ကောင်းကင်လင်းကတော့သူပြောခဲ့တဲ့စကားကို အံ့သြရင်းကျန်နေခဲ့သည်။

မနေ့ညကကိစ္စတွေကိုသူမမှတ်မိတော့.....
သူသိတာက လရောင်ခန့်ကသူနဲ့တစ်ညလုံးအတူတူအိပ်ခဲ့တာပင်။

အကုန်လုံးကလည်းအကောင်းပကတိပင်။
ခေါင်းကလည်းတော်တော်ကိုက်နေတာမို့ စိတ်ပင်ပန်းမှုဖျေဖြောက်ဖို့ ရေချိုးခန်းထဲ၀င်ပြီး ရေပန်းကိုသာဖွင့်ထားလိုက်တော့သည်။
....................
တစ်ဖက်အခန်းထဲတွင်တော့ပင့်သက်ရှိုက်ကာငိုကြွေးနေသော ကောင်လေးတစ်ယောက်
ဒူးကိုပိုက်ကာတံခါးကိုမှီပြီး ရှိုက်ကြီးတငင်ငိုကြွေးနေသောသူ ....

"Ring.....Ring......"

ဖုန်းမြည်သံကြောင့် မနေ့ညကသူခုတင်ပေါ်ထားခဲ့သောဖုန်းကိုလှမ်းယူလိုက်သည်။
ဖုန်းခေါ်လာသူကသူ့မေမေ။

IF I Love Him{သူ့ကိုချစ်မိလျှင်}  (Z& U)Where stories live. Discover now