ပတ်ချန်းယောလ်✨
"လူကြီးနာမည်အပြည့်အစုံကဒါလား"
ဆယ်ဟွန်း မိမိတို့ရဲ့မင်္ဂလာဖိတ်စာကိုကြည့်ရင်းဆိုလိုက်သည်.
"နေပါအုံး မေမေက ချန်းယောလ်တဲ့ လူကြီးကိုခေါ်တာကတရင်းတနှီးလိုပဲ အရင်တည်းကသိနေခဲ့တာလား.??
ဆယ်ဟွန်း ဝေခွဲမရစွာအတွေးတွေထဲနစ်မြောနေမိတယ်
..
..
"ဟိတ်...ဘာလဲဖိတ်စာကြီးကိုင်ပြီး မနက်ဖြန်အတွက်ရင်ခုန်နေတာလား"ဘယ်အချိန်ကဝင်လာမှန်းမသိ...ရောက်လာရင်လဲ အကောင်းကတစက်မှအပြောမခံရ..
"ရင်ခုန်စရာလား ခုနေ ခင်ဗျားဒီပွဲကိုဖြတ်ပေးရင်တောင်ကျွန်တော် ကျေးဇူးတင်လွန်းလို့ ထိုင်ကန်တော့ပြီးပြန်သွားမှာ.."
"တကယ်စွာချက်ကတော့လက်လန်ပဲ..ဒါနောက်ဆုံးဖြစ်ပါစေအိုဆယ်ဟွန်း ငါကသာမင်းကိုစွန့်ပစ်သွားသူဖြစ်ချင်တယ် အဲဒါကိုနားလည်ထား "
"..
ဆယ်ဟွန်းပြန်ပြောစရာစကားလုံးမရှိ ရင်ထဲမှာအနည်းငယ်အောင့်သက်သက် ခံစားလိုက်ရတယ်
မနက်ဖြန်မှာ လက်ထပ်ရမယ့်သူကဘာအကြောင်းကြောင့်ကိုယ့်ကိုရွေးခဲ့တယ်ဆိုတာမသိပေမယ့် မချစ်ခဲ့တော့ တနေ့ထားခဲ့မှာကိုကြိုသိပြီးသား...ဒါပေမယ့် ခုလိုကျ သူကိုယ်တိုင်ပြောတော့..စိတ်မကောင်းမှုလေးတော့ဖြစ်မိသား.....ချန်းယောလ်ပြောလိုက်မိမှကောင်လေးကိုအကဲခက်ကြည့်တော့
ဖိတ်စာကို လက်ကလေးနဲ့လှည့်ပတ်ထိတို့ရင်း မျက်နှာကိုအောက်ပဲငုံ့ထားတော့တယ်..
"ဘာဖြစ်သွားတာလဲ""အိုဆယ်ဟွန်း.."
"ဘာ..ဘာလဲပြော အရမ်းမအော်နဲ့"
ငိုတော့ငိုမထားဘူး...မျက်ရည်တွေကတော့လဲ့နေတယ်
ခက်တယ်..ဒီကောင်လေးကစွာတာလေးပဲထင်တာ
စိတ်ကလေးကလည်းအတော်နုတာပဲ....