ညနက်သန်းခေါင်ချိန်ထိ..အခန်းငယ်ထဲမှာ
မအိပ်ပျော်. အတွေးလွန်နေခဲ့တဲ့
ကောင်လေးတစ်ယောက်...."လူကြီးအတွက်ကိုယ့်ရဲ့ပထမဆုံးအရာကိုပေး
ခဲ့ရတဲ့နေမို့လား..အဲအချိန်တုန်းကအရမ်းထိတ်လန့်ခဲ့
ရတယ်ဆိုပေမယ့်..ခုချိန်ပြန်တွေးတိုင်း..ရင်ခုန်နေမိတယ်..ကိုယ့်ကိုယ်နာကျင်မှုတွေပေးလို့ငိုပြီးညီးညူ မိတော့
အနမ်းတို့နှင့်သက်သာဖို့ရည်ရွယ်ချက်နဲ့လား...
သူ့နှုတ်ခမ်းထူထူလေးကအနားကိုတိုးကပ်လာတယ်..ဒါပေမယ့်..သူတွေဝေပြီးအနမ်းတို့ကိုမပေးတော့ပဲ
သူ့အပိုင်ဖြစ်ဖို့ပဲအားထုတ်ခဲ့တယ်....
အဲတုန်းကခင်ဗျားကိုမမုန်းနိုင်ခဲ့တဲ့
ကိုယ့်ကိုယ်ကိုမုန်းပစ်ချင်လိုက်တာ"အရင်ကအကြောင်းတို့ကိုတွေးရင်း
အိပ်ပျော်အောင်အိပ်ဖို့ကြိုးစားပင်မယ့်
ဆယ်ဟွန်းအတွက်အဆင်ကမပြေချင်..မရခဲ့လိုက်တဲ့သူ့ရဲ့နှုတ်ခမ်းထူထူကြီးနဲ့
လက်ထက်ပွဲမှာထိကပ်ခဲ့ရတာကိုပြန်မြင်ယောင်မိတော့
အာခြောက်လာရသည်....မနေနိုင်တဲ့အဆုံးရေသောက်ရန်..အခန်းပြင်ထွက်လာ
ခဲ့မိတာ..ရောက်စဆိုတော့အခန်းထဲရေဘူးယူထားဖို့
မေ့နေတဲ့ကိုယ့်အပြစ်ကြောင့်....ဖြတ်သွားရင်းလူကြီးအခန်းဘက်က..
ညီးညူ သံသဲ့သဲ့ကြောင့်..ခြေလှမ်းတို့က
ဦးတည်ချက်ပြောင်း ခုဆို...ဖွင့်ထားသော
အခန်းထဲ..တိတ်တဆိတ်ဝင်ကြည့်မိတော့..."ဟမ်...ခင်ဗျား.."
အိပ်ယာပေါ်မှာမဟုတ်ပဲဘေးခုံပေါ်
မှောက်နေတဲ့လူကြီး..ခါတိုင်းသူအလုပ်လုပ်တဲ့
ခုံနဲ့အလုပ်စားပွဲကခုတော့အရက်ဝိုင်းတစ်ခုလို.."ကျစ်...အဖျားတွေလည်းတက်နေတာ..
သေအောင်သောက်ရလားခင်ဗျားရဲ့...""အင်း...က..လေး..."
ဆယ်ဟွန်းမှာ..ယောင်ရမ်းလို့ခေါ်တဲ့အသုံးအနှုန်း
လေးမှာရင်ခုန်မိလိုက်သေးတာက..တစ်ဒုက္ခ...