H.S part-11(U&Z)

760 95 13
                                    

"က​လေး"

ကားကိုမှီပြီးလက်​လှမ်းပြ​သောလူကြီး​ကြောင့်​ပင်​ပန်းထားသမျှ ....အချိန်​​တွေအတွက်​..ပြန်​ကုစားခွင့်​ရလိုက်​သလို...

"လူကြီးလာကြိုတာလား"

"အင်း​လေ..ကိုယ့်​က​လေးစာ​မေးပွဲပြီးတဲ့​နေ့​လေး​တော့​သေချာ​ပေါက်​ကြို​ပေးရမှာ​ပေါ့"

"အကိုဂျုံအင်​ကိုကျမနှုတ်​ဆက်​ရ​တော့ဘူး​ပေါ့"

"ဘာလဲ ခုကိုယ်​ပြန်​သွားပြီးသူ့ကိုလွှတ်​လိုက်​ရ​တော့မှာလား"

"အဲသလိုမဟုတ်​ပါဘူး..လာ..ပြန်​ကြမယ်​​လေ​နော်​.လာလို့လူကြီးကလဲ..ဟီး"

လက်​ကိုအတင်းဆွဲပြီးပြန်​ရန်​​ပြော​နေတဲ့​ပေါက်​စက
ကိုယ်​စိတ်​ဆိုးမှာကိုလည်း..အ​တော်​​ကြောက်​သား...

:::::::

"လူကြီး..ဟာ..​ရေ​တွေမသုတ်​ပဲနဲ့..ဖယ်​ ကျွန်​​တော်​သုတ်​​ပေးမယ်​"

နောက်​က​နေခုလိုဖက်​ထားတာ..ပထဦးဆုံးပဲ..
ဆယ်​ဟွန်းဆက်​​နေချင်​​ပေမယ့်​မသုတ်​ရ​သေးတဲ့​ခေါင်း​ရေစိုကြီး​ကြောင့်​..​နေမ​ကောင်းမည်​ကိုစိုးရိမ်​ရ​သေးသည်​မို့..ဖယ်​ခိုင်းရ​တော့တာ...

"ဒီတိုင်း​လေးပဲခဏ​နေ​ပေးပါက​လေးရာ"

"မရပါဘူး...ဖယ်​.."

ရှိတဲ့အားနဲ့အတင်းရုန်းမိသည်​..

"လာဒီမှာထိုင်​"

လူကြီးက..တစ်​ခါတစ်​​လေတကယ်​က​လေးဆန်​တာပဲ
ခုလဲကုတင်​​ပေါ်ထိုင်​ပြီး​ရေသုတ်​​ပေးတာသာခံ​နေတာ..မျက်​နှာမှာအလိုမကျ မှု​တွေကအထင်းသား..

"ပိန်​သွားလိုက်​တာ"

ရှေ့တည့်​တည့်​ကရပ်​​နေတဲ့က​လေးရဲ့ခါး​သေး​သေး​လေးကို​ထွေး​ပွေ့ရင်းဆိုမိ..​တော့..မျက်​လုံး​လေးပြူး ပြီးလူကိုကြည့်​​နေပြန်​ပြီ..

"ဒီလူကြီး...ဘာဖြစ်​​နေတာလဲ"

"ဘာမှမဖြစ်​ဘူး..ဒီရက်​ပိုင်းမင်းကကိုယ့်​ကိုပစ်​ထားသလိုခံစား​နေရလို့"

"​အော်​...ဖြစ်​ရမယ်​..ကဲ​ပြောအဲဒါအတွက်​ခုဘာပြန်​လုပ်​​ပေးရမလဲ"

Heart-Searching [Completed] Where stories live. Discover now