မဖြစ်နိုင်ဘူးမလား...
ကိုယ့်ဆီကိုတစ်ခါလေးလာမတွေ့သေးတဲ့ကလေးက
ထွက်သွားပြီတဲ့..ဟက်..ကိုယ်အဲဒါကိုယုံမယ်ထင်လား
ဒီနေ့ထိမယုံခဲ့ဘူး..မင်းပြန်လာမယ်ဆိုတာ
ယုံကြည်နေခဲ့လို့..."ယောလ်.."
"အာ..Seyoon..လာ..ကလေးအကြောင်းပြောမလို့လား..ဘာကြားခဲ့လဲ..ဟင်.."
"ဟင့်...ယောလ်ရယ်"
"ဘာလို့ငိုနေတာလဲ..ကလေးဆီကဘာတဲ့လဲလို့..Seyoon"
"ဆေးရုံကဆင်းကာစကိုနေကောင်းအောင်နေပါ
ယောလ်ရယ်..ငယ်လေးလည်းနင့်ကို..အဝေး..အဝေးကနေကျန်းမာတာပဲမြင်ချင်မှာပါ""ဟင့်အင်း..ကလေးကအဝေးမှာမဟုတ်ဘူး..သူပြန်လာမှာ..ငါဆီကိုလာမှာ..ခုနေကောင်းအောင်နေ နေရလို့ကြာနေတာ.."
"ယောလ်...မရူးစမ်းနဲ့"
"ထွက်သွား..ငါ့ကို..ကလေးကအဝေးထွက်သွားပြီဆိုပြီး
လာလာမလိမ်ကြနဲ့..ငါမယုံဘူး..သွား..အား..ကဲကွာ.."ရှိသမျှပစ္စည်းတွေအကုန်ပေါက်ခွဲနေတဲ့သူက
စိတ္တဇဆန်စွာ..မျက်ရည်တို့ကလည်းမြင်မကောင်း
ကျနေသေးသည်..."ယောလ်..ယောလ်..မလုပ်ပါနဲ့"
"ချန်းယောလ်...ချန်းယောလ်..စိတ်ထိန်းပါအုံး...
ချန်းယောလ်..Taoအားသုံးပြီးဝင်ချုပ်လိုက်မှ..စိတ်အနည်းငယ်ပျော့ပြီး
လက်တွေကြားငြိမ်ကျသွားတဲ့..ခန္ဓာကိုယ်.."ဘာဖြစ်တာလဲငါ့ကိုပြော..စိတ်ကိုလျော့ထားနော်"
"Tao..အဲမိန်းမကိုမောင်းထုတ်ပေး..သူ..သူကလေ
ငါ့ကို..ကလေးကပြန်မလာတော့ဘူးနဲ့လာလာပြောနေတယ်..ထွက်သွားခိုင်းပေး..""ငါသွားပါ့မယ်..ယောလ်ရယ်.Tao သူ့ကိုဂရုစိုက်ပေးပါ"
"အေးပါ..Seyoon"
Seyoonထွက်သွားမှ..ချန်းယောလ်ကိုအိပ်ယာဘက်ချော့ခေါ်လာခဲ့လိုက်တယ်...လူကလည်းအရမ်းပျော့လို့
အစာသိပ်မစားတော့အားနည်းနေပြီ...