Queen of Magic Sword Master 1

4.6K 184 27
                                    


ခန်းနားထည်ဝါသော အဆောင်ကြီးရဲ့ အတွင်း၌ နောက်ကျောတွင် ကြီးမားသော ရွှေရောင် နဂါးပုံပါ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အရှင်မင်းကြီး

နှုတ်ခမ်းမွေးရေးရေးနဲ့ လူလတ်​ပိုင်းအရွယ်ရှိနေတဲ့အပြင် တောင့်တင်းတဲ့ ခန္ဓာ ချောမောတဲ့ မျက်နှာလည်း ရှိနေပြီး ရင်ခွင်ထဲ ၁၂နှစ်အရွယ် ကလေးမလေးကို ထွေးပွေ့ကာ အိပ်ရာအထက် မှီနေသလို သူချစ်ရတဲ့ အင်မတန်လှပသော မိဖုရားဟာ​လည်း ပုခုံးကိုမှီထားဆဲ

"ခမည်းတော် ဘာလို့ မင်းသားလေးက ဖားဖြစ်ရတာလည်း အခြားဟာဘာလို့ မဖြစ်ရတာလည်း"

"မကောင်းဆိုးဝါးကြီးက ဖားအဖြစ်ပြောင်းလို့ပေါ့"

"အဲ့တာက မမိုက်ပါဘူး မင်းသမီးက ဖားကြီးက နမ်းရမှာ သမီးတော် မနှစ်သက်ဘူး ရွံတယ် သမီးတော်ရဲ့ မင်းသားလေးကျရင် ဖားဖြစ်လို့မရဘူး"

သူမရဲ့ မယ်တော်က နဖူးကို အသာသပ်ပေးရင်း

"သမီးတော်ရဲ့ မင်းသားလေးက ဘယ်လိုပုံဖြစ်စေချင်လို့လဲ"

မေးလေးကို ထောက်ကာ တွေးရင်း

"ပန်းမင်းသားလေး ဖြစ်စေချင်တယ် သမီးတော် ပန်းပွင့်လေးနမ်းလိုက်တဲ့ အချိန် မင်းသားလေး ထွက်ပေါ်လာရင် ကောင်းမှာ"

သူမရဲ့ မယ်တော်က သဘောကျစွာ ခေါင်းလေး သပ်ပေးသလို ခမည်းတော်ကလည်း ပြုံးနေလျက်ပဲ

Joseon တိုင်းပြည်ရဲ့ ဘုရင် Jeong Jihunနဲ့ သူ့ရဲ့ ချစ်ရပါသော မိဖုရား Kim Tae Heeရဲ့ တစ်ဦးတည်းသော သမီး Mina

သူချစ်ရတဲ့ မိဖုရားတစ်ပါးကိုသာ ထိန်းမြားလက်ထပ်ထားတဲ့ Jihunက သူ့ရဲ့ သမီးတော်လေး Minaကို တအားကို ချစ်အလိုလိုက်သလို အိမ်ရှေ့စံမင်းသမီးလေးအဖြစ်လည်း မွေးကတည်းက ခန့်အပ်ပြီးသား

Minaဆိုတဲ့ သူမဟာ အိမ်ရှေ့စံမင်းသမီးလေးအဖြစ် မွေးလာခဲ့ပြီး သူမ ခမည်းတော်ရဲ့ ဓားရေး မြှားရေး စတဲ့ တိုက်ခိုက်ရေးအစုံ စာပေအစုံ သင်ကြားရသလို သူမမယ်တော်ဆီမှလည်း မင်းသမီးတို့ တပ်အပ်တဲ့ ပညာတွေ သင်ယူဆဲ

ဥာဏ်ရည် ထက်မြက်လွန်းတာမလို့ မင်းသားကော မင်းသမီးကော တတ်မြောက်အပ်တဲ့ ပညာတွေ အကုန်နီးပါးသင်ယူနိုင်သလို သူမရဲ့ အလှဟာလည်း မည်သူမှ လိုက်မမှီနိုင်အောင် လှပနေဆဲ

Queen of Magic Sword MasterWhere stories live. Discover now