Queen of Magic Sword Master 4

1.9K 141 38
                                    

အရှင်မင်းမြတ်က ခေတ္တတွေးဟန်ပြုနေတုန်း မယ်တော်က

"သမီးတော်ရယ် အခုကိစ္စကို ဒီလောက်နဲ့ ရပ်လိုက် ကျန်တာ မယ်တော့် တာဝန်ထားပါ"

"သမီးတော် သူတို့ထဲက လူအချို့ကိုလည်း မြင်ဖူးပါတယ် ပြီးတော့ အခုကိစ္စက သမီးတော်ပဲ စတာမလို့ အဆုံးသတ်ထိ တာဝန်ယူချင်ပါတယ် "

"သမီးတော်"

မိဖုရား Tae Heeရဲ့ အစိုးရိမ်တကြီး ဖြစ်နေတဲ့ ပုံကို မြင်တော့ အရှင်မင်းကြီးက လက်ဖဝါးကို ငြင်သာစွာကိုင်ကာ သူမကို ကြည့်ပြီး

"သမီးတော်က ကလေး မဟုတ်တော့ဘူး တစ်နေ့ ဘုရင်ဖြစ်မယ့်သူ ဒါကြောင့် အိမ်ရှေ့စံ မင်းသမီးရဲ့ စွမ်းရည်ကို ပြသသင့်ပြီလေ"

Minaက သူမ ခေါင်းကို ငုံ့ထားဆဲ

"သမီးတော် အခုကိစ္စက အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သမီးတော် တာဝန်ယူရမယ်နော်"

"သမီးတော် တာဝန်ယူမှာပါ"

တကယ်က Minaကို လုပ်ကြံဖို့ပါ ကြံစည်နေတယ်ဆိုတဲ့ အကြောင်း ထည့်တော့ မပြောမိ ဘာလို့ဆို သူမဒီအတွက် သက်သေတော့မရှိသေးဘူးလေ

"သမီးတော် Chaeyoungနဲ့ အတူ Uijiမြို့ကို အလည်သွားချင်တယ် ခမည်းတော် ခွင့်ပြုပေးပါ"

"Chaeyoungပါမှတော့ ခမည်းတော် ခွင့်ပြုပြီးသားပါ ဘယ်တော့ စထွက်မှာလဲ"

"ဖြစ်နိုင်ရင် သန်းပတ်ခါလောက်ပေါ့"

သူမရဲ့ မယ်တော်က ခွင့်​မပြုချင်စွာ ခေါင်းငြိမ့်ပြီး

"ဟုတ်ပါပြီ လမ်းခရီး တစ်လျှောက်ကော Uijiမြို့ကို ရောက်ရင်ကော Chaeyoungနဲ့ အနေထိုင်တော့ ဆင်ခြင်ပါ"

သူမ မယ်တော်စကားကြောင့် လန့်ပြီး ကြည့်မိတော့ ခမည်းတော်က သဘောကျစွာရယ်တယ်

"သမီးတော် Chaeyoungနဲ့ ဆက်ဆံရေး ဘာဆိုတာ သိပေမယ့် ရဲမက်တွေ အပျိုတော်တွေရှေ့ အခြားသူရှေ့ အပြစ်ပြောစရာ မဖြစ်ပါစေနဲ့"

မယ်တော်စကားက သူမတို့ကို ဘယ်လိုထင်တာလဲ Minaလက်ခါလိုက်ပြီး

"မယ်တော် ထင်သလို မဟုတ်ဘူးနော် သမီးတော်တို့က ဘာမှမပတ်သတ်ဘူး"

Queen of Magic Sword MasterWhere stories live. Discover now