Queen of Magic Sword Master 7

1.8K 136 18
                                    

Mina သူမပြောမှ သတိရသွားတာကြောင့်

"အာ ဟုတ်သား ငါအရေးကြီးတာကို မေ့သွားတာပဲ ဒီကိစ္စက မင်းခမည်းတော်နဲ့ မဆိုင်ပါဘူး ဒါက မင်းခမ​ည်းတော်ရဲ့ ညာလက်ရုံး Siwonပဲ သူသစ္စာဖောက်တာ ငါသူ့ကို မြင်ခဲ့တယ်ဆိုပေမယ့် အခုသူက ထွက်ပြေးနေတာ အခုထိ မမိသေးဘူး Siwonဆိုတာ အတည်ပြုဖို့ကို မကြာခင် မင်းရဲ့ ခမည်းတော် ပြန်ရောက်လာရင် သက်သေပြလို့ရပြီ"

Chaeyoungရဲ့ မျက်လုံးများက အရောင်တောက်ကာ ပြူးကျယ်လာပြီး

"ခမည်းတော် ပြန်လာတော့မှာပေါ့"

Minaက ခေါင်းငြိမ့်လိုက်ပြီး

"စစ်သူကြီး Taecyeonကို ပြန်လာဖို့ စာပို့လိုက်ပြီ သူ့နယ်မှာ ကိစ္စတွေ လက်စသက်ပြီးရင် နန်းတော်ကို ပြန်လာလိမ့်မယ်"

Chaeyoungက သူ့ရဲ့ ပါးချိုင့်လေး ချိုင့်ဝင်သွားတဲ့ အထိ ပြုံးနေတာမလို့ Minaက Chaeyoungရဲ့ ပါးနှစ်ဖက်ကို ဖျစ်ကာ

"ပျော်တယ်မလား"

Chaeyoungက ခေါင်းငြိမ့်ပြီး

"ခမည်းတော်ကို သတိရနေမိတာ"

Minaက Chaeyoungရဲ့ ဆံပင်လေးတွေ သပ်ပေးပြီး

"မင်းခမည်းတော်ကို နန်းတွင်းမှာပဲ ခစားဖို့ ငါတိုက်တွန်းကြည့်ပါဦးမယ်"

"ကျေးဇူးတင်ပါတယ် မင်းသမီးလေး ဒါနဲ့ ခုန Yesung ပြောတာကို သေချာတွေးကြည့်ရင် သူတို့ တစ်ခုခု စီစဥ်ထားသလိုပဲ"

Minaရဲ့ ရုပ်က ချက်ချင်းတည်သွားပြီး

"ဟုတ်တယ် သူပြောတဲ့ အဓိပ္ပါယ်က တစ်ခုခုကို ဆိုလိုနေတာ ဒီပြဿနာကို အသုံးချသွားဖို့ စီစဥ်နေသလိုပဲ"

Chaeyoungက Minaရဲ့ လက်ဖဝါးကို ငြင်သာစွာ ကိုင်ပြီး

"ဒါတွေကို အဓိကကြိုးကိုင်တာ ဘယ်သူဖြစ်မယ် ခန့်မှန်းမိလဲ"

"Heechul ပဲ"

နှစ်ယောက်လုံး အတန်ကြာငြိမ်ကျသွားပြီးမှ

"ပုန်ကန်ဖို့ အမတ်တွေ စည်းလုံးနိုင်ဖို့ အင်အား ပလ္လင်ကို တက်မက်ရဲဖို့ အခုလို စီစဥ်နိုင်ဖို့ Heechul သူပဲရှိမယ် ဒါပေမယ့် သူက အခု ဒီပုန်ကန်မှုအတွက် အင်တိုက်အားတိုက် ကြိုးစားပြီး လွတ်သွားတဲ့သူတွေကို ရှာပေးနေတာလည်း ထူးဆန်းတယ်"

Queen of Magic Sword MasterDonde viven las historias. Descúbrelo ahora