Queen of Magic Sword Master 8

1.5K 122 25
                                    

မြင်းနဲ့ အတော်ကြာ ခရီးနှင်လာရင်း Minaကလည်း သွေးထွက်လွန်တဲ့ ဒဏ်ရာကြောင့် မေ့လုနီးနီးဖြစ်နေတာမလို့ ရေကန်နားရောက်တာနဲ့ မြင်းကို ရပ်ပြီး သူမ ရဲ့ ကိုယ်ကိုလည်း ချလိုက်သည်

ဝေလီဝေလင်းခါစ ဆိုပေမယ့် အနည်းငယ် မှောင်နေသေးတော့ ခဏအနားယူဖို့ လိုက်တယ်လေ

"မင်းသမီးလေး"

သူမအသာ လှုပ်နိုးနေပေမယ့် Minaက သတိလစ်နေဆဲကြောင့် သူမရဲ့ ဒဏ်ရာကို ​ရေနဲ့ ဆေးကြောပေးလျက် သွေးစမကျန်အောင် လက်စဖျောက်နေရင်း ခြေသံကြားတော့ Minaကို အသာလှဲပေးကာ ဓားကို ထုတ်ပြီး

"ဘယ်သူလဲ"

သစ်ပင်ကွယ်ရာမှာ ပုန်းအောင်းနေတဲ့ ခပ်ငယ်ငယ် ကောင်လေးတစ်ယောက် သာမာန် အရပ်သား ကလေးငယ်လေး ထင်ပါတယ်

"ဟို ဟို ကျွန်တော် တောင်းပန်ပါတယ် သ သခင်မလေး ဟိုဘက်က သခင်မလေးက ဒဏ်ရာ တ​အားကြီးနေတယ်ထင်တယ်"

Chaeyoungက ဓားနဲ့ ရွယ်ထားရင်းပဲ

"မင်းမမြင်သလို သဘောထား​လိုက် မဟုတ်ရင် မင်းကို အသက်ရှင်ခွင့်မပေးဘူး"

ထိုကောင်လေးက ဒူးထောက်ကာ ကတုန်ကရင်လည်းဖြစ်နေပြီး

"ဟို ကျွန်တော့် အမက ဆေးဆရာမပါ နာမည်မကြီးပေမယ့် ဟိုဘက်က သခင်မလေးက တအား ဒဏ်ရာကြီးနေပုံရလို့"

"မင်းအမ ဘယ်မှာရှိလဲ"

သူက တောင်ပေါ်ကို လက်ညှိုးထိုးရင်းပဲ

"ဒီတောင်ပေါ်မှာ ရှိပါတယ် လိုက်ခဲ့လို့ရမလား မဟုတ်ရင် သခင်မလေးက ဆိုးရိမ်ရမယ်ထင်တယ်"

ထိုကလေးက ခပ်ငယ်ငယ်ပဲ ရှိတာမလို့ ယုံကြည့်ဖို့ တွေးလိုက်တယ် သူ့ကြည့်ရတာ လိမ်မယ့်ပုံလည်း မပေါက်ဖူးလေ

Chaeyoungက Minaကိုယ်ကို ပွေ့လိုက်တော့ ထိုကလေးကပဲ

"ကျွန်တော့်မှာ လှည်းပါတယ် နည်းနည်း မသန့်ရှင်းပေမယ့် ဒဏ်ရာနဲ့ဆိုတော့ သယ်လို့တော့ ပြေမှာပါ"

သူက Chaeyoungကို ပြောပြီး မလှမ်းမကမ်းကိုပြေးကာ ခဏကြာတော့ သူ့ရဲ့ မြည်းငယ်လေးနဲ့ လှည်းကို ဆွဲလာလေရဲ့

Queen of Magic Sword MasterWhere stories live. Discover now