Queen of Magic Sword Master 6

1.7K 135 21
                                    

နိုးမလာတာ သုံးရက်လောက်ရှိနေတဲ့ Chaeyoungရဲ့ နဖူးလေးကို နမ်းလိုက်ပြီး လက်ဖဝါးလေးကို ကိုင်ထားမိတယ်

ဒဏ်ရာတွေနဲ့ လဲလျောင်းနေတဲ့ Chaeyoungကိုယ်ကို သန့်စင်ပေးဖို့ ဘယ်အပျိုတော်ကိုမှ သူမ မခိုင်းစေနိုင်ဘူး သူမကိုယ်တိုင်ပဲ သန့်စင်ပေး ဆေးထည့်ပေး လုပ်နေတာမလို့ အချို့ အပျိုတော်တွေနဲ့ ရဲမက်တွေကတော့ သူမတို့ရဲ့ ဆက်ဆံရေးကို အတင်းအဖျင်းတွေ ပြောနေကြတော့မှာပါပဲ ဒါပေမယ့် ဂရုမစိုက်နိုင်ပါဘူး

စခန်းကို တိုက်တာကတော့ တစ်ဝက်ကျော်ကျော် လွတ်သွားသလို Yesungနဲ့ သူမနဲ့ တိုက်တဲ့ ထိုလူ ခေါင်းဆောင်အချို့တွေ လွတ်သွားတာပါပဲ

နဂိုကတည်းက တန်းထွက်သွားပုံရတယ် Yesungကတော့ သိသွားပေမယ့် သူတို့အထက်ကသူ ဘယ်သူဖြစ်မလဲ သူမနဲ့ တိုက်တဲ့သူကရော ဘယ်သူဖြစ်မလဲ

တိတ်တိတ်ဆိတ်ဆိတ် ဖြေရှင်းဖို့ ကြိုးစားပေမယ့် ဆူညံသွားသလို ရန်သူတွေအကုန် ခမည်းတော်က နန်းတော်အကျဥ်းထောင်ကို ရွေ့ပြောင်းစစ်ဆေးဖို့ လုပ်နေပေမယ့် သူမအခု မပြန်နိုင်သေးဘူး Chaeyoung အနားရှိနေဖို့ အရေးကြီးတယ်လေ ခမည်းတော်လည်း နားလည်လောက်ပါတယ်

#################

Chaeyoungရဲ့ ဘေးနားတွင် ခမည်းတော်ကို လျှောက်တင်တဲ့ စာချွန်ကို ရေးနေပြီး တစ်ချက် တစ်ချက် Chaeyoungကို ကြည့်နေမိသည်

ပုန်ကန်သူတွေရဲ့ စခန်းကို ရှာဖွေပေးခဲ့တာကိုတောင်မှ မထောက်ဘဲ ညီလာခံကို မတက်နိုင်တဲ့ အပြစ်ကို ရှာကြံယူနေလိုက်ကြတဲ့ အမတ်တွေများ

Chaeyoungရဲ့ ဆံပင်လေးတွေကို သပ်ပေးလိုက်ပြီး

ဘုရင်မကောင်း တစ်ယောက်ဖြစ်ဖို့ အတွက် ကိုယ့်ရဲ့ ခံစားချက်တွေထက် တိုင်းပြည်အရေးကို ပိုဦးစားပေးသင့်တာ မှန်ပါတယ် ဒါပေမယ့် ကိုယ်ချစ်တဲ့သူ တစ်​ဦးတစ်ယောက်မှ အနားမှာမရှိဘဲ ပုလ္လင်ပေါ်မှာ ထိုင်နေတော့ရော ဘာထူးမှာလဲ တိုင်းပြည်အတွက် သူမကို လိုအပ်တာမှန်ပေမယ့် သူမ​အတွက် Chaeyoungက လိုအပ်တယ်လေ

အကယ်လို့ ခံစားချက်တွေ တအားဦးစားပေးလို့ အိမ်ရှေ့စံအဖြစ်က ရာထူးချခံရပြီး ထွက်သွားရမယ်ဆိုလည်း ထွက်သွားနိုင်တယ်

Queen of Magic Sword MasterOnde histórias criam vida. Descubra agora