Queen of Magic Sword Master Final

3.1K 156 23
                                    

ရက်အတော်ကြာ သူမတို့ ခရီးနှင်လာကြရင်းမြို့ရိုးတစ်ခုထဲ ပြိုလဲ ပျက်စီးနေတဲ့ ဆိုင်ခန်းအချို့၊ အေးစက်လှတဲ့ မြေပြင်မှာ ခွေခွေလေးအိပ်နေကြတဲ့ လူအချို့ကြောင့် Minaက

"ငါ ဒီပြည်သူတွေကို ပစ်ပြီး ထွက်သွားမိတာလား"

Chaeyoungက Minaရဲ့ လက်ကို ဆုပ်ကိုင်ရင်း

"အခု ဒီပြည်သူတွေ ကယ်ဖို့ ပြန်လာပြီလေ"

Minaက သက်ပျင်းချလိုက်ပြီး

" Heechulက ဒီလောက်ထိ ရက်စက်လိမ့်မယ် ထင်မထားခဲ့ဘူး"

ရုတ်တရက် ကလေးမတစ်ယောက်မှ သူမတို့ ရှိရာဘက် ပြေးသွားရင်း လဲသွားတာကြောင့် Minaက မြင်းပေါ်မှ ဆင်းကာ ထူပေးတော့ အသက်ခပ်ကြီးကြီး အမျိုးသားကလည်း ပြေးလာရင်း

"သူ့ကို မထိနဲ့"

ကလေးမကို ပွေ့ကာ ထူပေးနေတဲ့ Minaကို တွန်းပြီး ထိုကလေးကို ဖက်ကာ

"ဒီကလေးကို တစ်ခုခုလုပ်မယ်ဆိုရင် ငါ့အသက်ကို အရင်ယူသွားမှရမယ်"

ကြည့်ရတာ သားအဖဖြစ်မယ်

Chaeyoungက ချက်ချင်း မြင်းပေါ်ကဆင်းပြီး Minaကထူပေးလိုက်သလို ထိုလူကိုလည်း ဓားနဲ့ ရွယ်လျက်

"မင်းသေချင်လို့ သူ့ကို တွန်းလိုက်တာလား"

Minaမှ Chaeyoungလက်မောင်းကို ကိုင်လိုက်ပြီး သူမကို ခေါင်းခါပြလိုက်တော့ ဓားကို ပြန်သိမ်းလိုက်လေသည်။ Minaက ထိူလူကို ဦးညွှတ်ကာ တောင်းပန်ပြီး

"တောင်းပန်ပါတယ် ကလေးကလဲသွားလို့ ထူမိတာပါ"

ရုတ်တရက် မြင်းဒုန်းဆိုင်းသံတွေ ဆူညံလာပြီး သူမတို့ ရဲမက် ဆယ်ယောက်လောက် ရောက်လာကာ အလယ်မှ အဝတ်စားဖရိုဖရဲဖြင့် လူငယ်တစ်ယောက်က ယိမ်းယိုင်ကာ မြင်းကို စီးနေပြီး ထိုသားအဖကို လက်ညှိုးထိုး၍

"အဲ့ကလေးမကို ခေါ်လာခဲ့"

ရဲမက်သုံးယောက်လောက်က ဆင်းကာ ထိုသားအဖနှစ်ယောက်ကို အတင်းအကြပ်ဆွဲခေါ်နေတာမလို့ Minaက

"သူတို့ကို အခုလွှတ်လိုက်"

ထိုလူငယ်က သူမတို့ ဘက်လှည့်လာပြီး

Queen of Magic Sword MasterWhere stories live. Discover now