Queen of Magic Sword Master 5

1.9K 150 30
                                    

Minaက Chaeyoung လက်မောင်းကို ကပ်နေအောင်ချိတ်လိုက်ပြီး နားနားကပ်ကာ

"ငါအခုက စပြီး မင်းရဲ့ မိန်းကလေးပဲ သခင်လေး Chaeng"

Minaပြောတဲ့ စကားကြားတာနဲ့ Chaeyoungက ချက်ချင်းသဘောပေါက်ကာ ဆိုင်ရှင်လူကြီးအနား လက်တွဲ သွားရင်း

"ငါကိုယ်တော်ကို တိတ်ဆိတ်တဲ့ အခန်းလွတ်တစ်ခု မြန်မြန်စီစဥ်ပေးပါဦး"

Chaeyoungက အသံကို ခပ်အောအောလုပ်ပြီး ပြောလိုက်တဲ့ ပုံကြောင့် Mina ခိုးရယ်မိတယ် သူမအတွက် တကယ်ကို ချစ်စရာကောင်းနေတာကိုး

ဆိုင်ရှင်က Chaeyoungတို့ ပုံစံအကဲခတ်နေတော့ သိသွားမလား ထင်မိပေမယ့်

"သခင်ကြီးက ပျော်ပါးဖို့ထင်တယ် ကျွန်တော်မျိုး အဆင်ပြေဆုံးအခန်းကို ပို့ပေးပါ့မယ်"

ဆိုင်ရှင်က သူ့အနားက လူကြီးတစ်ဦးကိုခေါ်လိုက်ပြီး

"သခင်ကြီးကို ထောင့်စွန်းက သီးသန့်ခန်းတစ်ခန်းပေးလိုက်"

"ဟုတ်ကဲ့ပါ သခင်ကြီး ဒီက သခင်ကြီး ကျွန်တော်မျိုးနောက် လိုက်ခဲ့ပာနော်"

Chaeyoungက ပြုံးပြပြီး Minaလက်ကို တွဲကာ ကော့ကော့​ ကော့ကော့နဲ့ ပိုပြီး Minaကို သူ့အပိုင်လို အကုန်မြင်အောင် ပြရတုန်းပြနေလားထင်ရတယ်

Minaနဲ့ Chaeyoungတို့ကို အဆုံးက အခန်းတစ်ခုရောက်တော့မှ

"ဒီအခန်းပါပဲ သခင်ကြီးနဲ့ သခင်မလေး"

Chaeyoungက ခေါင်းငြိမ့်ပြီး ဟုတ်ပါပြီ ဒါနဲ့ ခုနက အရှေ့မှာဝင်တဲ့သူတွေထဲ မိတ်ဆွေတစ်ယောက် မြင်မိလို့ သူတို့ ဘယ်အခန်းမှာလဲ

"သူတို့ ဘေးခန်းမှာပါ သခင်ကြီး ခေါ်ပေးရမလား"

"နေပါ ရပါတယ် မိတ်ဆွေလို့ ထင်ပေမယ့် ဟုတ်မဟုတ်မ​သိလို့"

"ဘာများ အလိုရှိသေးလဲ သခင်ကြီး သေရည်တွေ ဘာတွေများ"

"သေရည် မလိုအပ်... "

Chaeyoung စကား မဆုံးခင် Minaက Chaeyoungပုခုံးပေါ်ကို လက်နှစ်ဖက်တင်ကာ

"သခင်ကြီးက သေရည် တအားကြိုက်တာ သေရည်ကောင်းကောင်းလေး လာပေးပါဦးနော်"

Queen of Magic Sword MasterWhere stories live. Discover now