Queen of Magic Sword Master 2

1.8K 143 30
                                    

Chaeyoungက Minaရဲ့ နန်းဆောင် တံခါးကို အသာဖွင့်ကာ အရှေ့ကို အကဲခတ်ရင်း

"မင်းသမီးလေး လမ်းကြောင်း ရှင်းတယ်"

Chaeyoungက Minaရဲ့ လက်ကို တွဲပြီး ပြေးထွက်လာတာမလို့ Mina နန်းတော်ကနေ ထွက်ပြေးတာ သူမမကြောက်ပါဘူး ပေါ့ပေါ့ပါးပါးနဲ့ပဲ ပြေးနေမိတယ် ပန်းခင်းထဲမှာ သူမပြေးနေသလိုပေါ့

ဘာလို့ဆို သူမရဲ့ Chaeyoungက သူမ အန္တရာယ်တွေ အကုန်ရှင်းပေးဖို့ အဆင်သင့်ဖြစ်နေလို့လေ

ရဲမက်တွေ အလစ် အတန်ကြာ ပြေးလာရင်း နံရံနားရောက်တော့ Chaeyoungက အရင် နံရံကို တက်ကာ ကြည့်လိုက်သည်

"အဆင်ပြေပါတယ် မင်းသမီးလေး"

သူအရင် နံရံပေါ်တက်လိုက်ပြီး လက်လှမ်းကာ

"တက်ပါ"

Minaက ပြုံးကာ သူ့လက်ကို ဖယ်လိုက်ပြီး

"ငါတက် တတ်ပါတယ်"

Minaက နံရံအထက် တက်လို​က်သလို Chaeyoungကလည်း တစ်ဖက်ကို ခုန်ဆင်းလိုက်​ပြီး ဆင်းလာတဲ့ Minaက ဟန်ချက်လဲသွားတော့ ရင်ခွင်ထဲ ထွေးပွေ့ကာ ဖမ်းထားလိုက်ပြီး သူမတို့ရဲ့ အကြည့်တွေလည်း စုံသွားတယ်

အတန်ကြာ စိုက်ကြည့်နေတဲ့ Minaကို Chaeyoungက ထူလိုက်ပြီး သူ့မျက်နှာကလည်း ရဲတက်နေတာကိုလည်း မြင်လိုက်တော့ စိတ်မထိန်းနိုင်ဘဲ သူ့ပါးဖောင်းဖောင်းလေးကို လှမ်းဖျစ်တာမလို့ မျက်လုံး အပြူးသားလေး

"မင်း မင်းသမီးလေး"

လုပ်ချင်တာ လုပ်ရပြီး အပြုံးမပျက်ဘဲ

"သွားရအောင်လေ ဒီမှာပဲ အချိန်ကုန်မလို့လား"

Chaeyoungက သူမကိုင်ခဲ့တဲ့ ပါးလေးကို ကိုင်ပြီး အနောက်ကနေ ရှက်သွေးဖြာနေဦးမှာပဲ

Chaeyoungက အသင့်ချည်ထားတဲ့ မြင်း​ကို ​ဖြေပေးပြီး ပေါ့ပေါ့ပါးပါးပဲ တက်လိုက်တယ်

"တစ်ကောင်ထဲ ယူထားတာလား"

"ရဲမက်တစ်ယောက်ကို ငွေပေးပြီး အကူညီတောင်းရတာမလို့ မင်းသမီးပါတာမသိအောင် တစ်ကောင်ပဲ တောင်းထားရလို့ပါ မင်းသမီးအဆင်ပြေရဲ့လား"

Queen of Magic Sword MasterWhere stories live. Discover now