Queen of Magic Sword Master 3

1.7K 140 21
                                    

Minaလည်း သူ့ဘေးကို ဝင်လှဲလိုက်တော့ Chaeyoungက ထဖို့လုပ်တာမလို့ သူ့ကိုယ်ကို ရင်ခွင်ထဲ ဆွဲပွေ့လိုက်သည်

ရင်ခွင်ထဲကိုရောက်တော့မှ ငြိမ်ကုတ်သွား​ပြီး

"မင်းသမီးလေး"

"Chaeyoung မင်းငါ့ကို Minaလို့ ခေါ်ကြည့်ပါလား"

"ကျွန်တော်မျိုးမ မခေါ်ဝံ့ဘူး"

"အဲ့ဆိုလည်း ပါးစပ်ပိတ်အိပ်တော့"

"ဒီ ဒီတိုင်း"

သူ့လက်တွေက သူမပုခုံးကို အသာတွန်းနေပေမယ့် အားမပါပါဘူး ဒီတိုင်း လာထိသလိုမလို့ ယားလာတာနဲ့ သူ့လက်နှစ်ဖက်ကို ကိုင်ပြီး သူ့မျက်ဝန်းတွေနဲ့ စုံလိုက်တဲ့အချိန်

ဝိုင်းစက်ပြီး လှပလွန်းတဲ့ သူ့မျက်လုံးတွေ သူ့နှာတံဆင်းဆင်းလေး နောက်ပြီး ပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်းလေး...

ငေးမောမိနေရင်း လက်က မတော်တဆ သွားကိုင်မိမလို ဖြစ်တော့ သူမ နှုတ်ခမ်းကို သူမကိုက်လိုက်ပြီး

"အိပ်ပါတော့ဆို စကားနားထောင်ပါကွာ"

"ဒါပေမယ့်"

"မင်းအခုအိပ်မလား ငါဖက်နမ်းရမလား"

သူမ စကားကြောင့် မျက်လုံးကို စုံမှိတ်ချလိုက်တာလေးက တကယ်ကို အသည်းယားဖို့ကောင်းတယ် လာနမ်းပါလို့ ဆိုလိုတာလား အိပ်ပြီဆိုလိုလားတောင် မသဲကွဲတော့ဘူး

သူ့အပြုအမူလေးကြောင့် ပြုံးရယ်မိရင်း ခပ်သေးသေး သူ့ကိုယ်လုံးလေးကို ရင်ခွင်ထဲ ဆွဲပွေ့ထားမိသည် နှုတ်ခမ်းဖျားတွေက ထွက်မလာပေမယ့် နှလုံးသားထဲက လျှံကြတော့မယ်

Chaeyoungကို ချစ်နေမိတယ်လို့......

###############

အမြဲ သတိနဲ့ အိပ်တတ်ပေမယ့် တစ်ခါတလေတော့ အိပ်မောကျသွားတတ်ပါတယ် ကိုယ်ချစ်တဲ့သူရဲ့ ရင်ခွင်ကြောင့် နွေးထွေးနေလို့ပဲလား အိပ်ရေးပဲ ပျက်နေလို့လား နှစ်ခုလုံးကြောင့်ပဲလားတော့ မသိ

Chaeyoung တစ်ယောက် Mina ဖက်ထားတဲ့ အတိုင်းလေးပဲ သူ့ရင်ခွင်ထဲ အိပ်ပျော်သွားပြီ နိုးလာတော့ သူ့မျက်နှာလေးကို ကြည့်နေမိသည်

Queen of Magic Sword MasterDonde viven las historias. Descúbrelo ahora