Queen of Magic Sword Master 9

1.5K 117 23
                                    


"Chaeyoung မင်းအခုလို ဒေါသထွက်ပြီး အော်တာ ပထမဆုံး မြင်ဖူးတာပဲ"

သူမရင်းနီးတဲ့ အသံတစ်သံကြောင့် နောက်လှည့်ကာ ကြည့်လိုက်မိတော့

"အရှင်မ"

Minaကို မြင်လိုက်ရ​တာကြောင့် အနားကို ပြေးသွားလိုက်ပြီး

"ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ အမတ်ကြီး Wooyoungဆီမှာ စောင့်ခိုင်းထားတာကို"

Minaက စိတ်ပူနေတဲ့ Chaeyoungလက်ကလေးကို ကိုင်ပြီး

"ငါWooyoungဆီ သွားတာပဲ မင်းအသံကြားလို့ လှမ်းကြည့်လိုက်တာ မင်းဒေါသထွက်တာ တကယ်ချစ်စရာလေး"

"ရှင်တို့ ကြည်နူးတာ ခဏရပ်လိုက်ပြီး ရှင်တို့ ဘယ်သူလဲဆိုတာ ကျွန်မကို အရင် ရှင်းမပြချင်ဘူးလား"

Bang Chanရဲ့ ညီမပြောလိုက်တာကြောင့် နှစ်ယောက်လုံး လှည့်ကြည့်လိုက်သလို Minaက ပြုံးကာ

"ငါက မင်းအကိုတော်အပေါ် ကျေးဇူးကြွေးတင်နေတဲ့ ဘုရင်မ Minaပါပဲ"

ထိုမိန်းကလေးက Minaစကားကြောင့် ဒူးထောက်လိုက်ပြီး

"အရှင်မ Minari ရိုင်းပြမိပါတယ်"

Minaက ခပ်ပြုံးပြုံးပဲ

"ရပါတယ် ဒီဘက်က ငါ့ကိုယ်ရံတော် Chaeyoung မင်းရဲ့ နာမည်ဘယ်လိုခေါ်လဲ"

"Sanaလို့ ခေါ်ပါတယ် အရှင်မ Minari"

"ဟုတ်ပြီလေ အကယ်လို့ မင်းဆန္ဒရှိရင် ငါတို့နဲ့ လိုက်ခဲ့မလား ငါတို့သွားမယ့်နေရာက နန်းတော်လိုတော့မဟုတ်ပေမယ့်"

Sanaက မျက်ရည်တွေလည်း ကျနေသလို ခေါင်းကို အခါခါငြိမ့်ရင်း

"လိုက်ခဲ့ပါ့မယ် အရှင်မ Minari အခုလို ပျက်ဆီးယိုယွင်းနေတဲ့ နန်းတော်မှာ မျက်ရည်တွေနဲ့ နေနေမယ့်အစား အရှင်မMina ဆီမှာ အမှုတော်ထမ်းပါ့မယ်"

Chaeyoungကတော့ မြင်းရဲ့ ကြိုးကိုသာ ဆွဲပြီး Minaလက်ကို ကိုင်လိုက်ကာ

"ဒါဆို သွားကြရအောင်လေ"

Minaကခေါင်းငြိမ့်ပြီး Sanaကိုခေါ်ကာ သူမတို့ ဆက်ပြီးလျှောက်လာလိုက်လေတယ်....

##################

Wooyoungအမတ်ရဲ့ အိမ်တော်ထဲ Minaနဲ့ Wooyoungတို့ စကားပြောကြတာမလို့ Sanaနဲ့ အတူတူ Chaeyoungက အပြင်မှာ ကျန်နေခဲ့သည်။ Sanaက အဝတ်စားလဲပြီး ပြင်ဆင်ကာ ထွက်လာပေမယ့် Chaeyoungက Wooyoungနဲ့ Minaတို့ စကားပြောနေတဲ့ အဆောင်အနားမှာပဲ ရစ်သီရစ်သီလုပ်နေတာကြောင့် Sanaက အနားကို သွားပြီး

Queen of Magic Sword MasterWhere stories live. Discover now