Queen of Magic Sword Master 10

1.5K 114 21
                                    

Chaeyoungက အရင် သတိရလာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူမတို့ သုံးယောက်ကို အခန်းလွတ်တစ်ခုထဲမှာ ထိုင်ခုံနဲ့ တွဲပြီး ပူးချည်ထားတာပါ။ သူမဘေးလဲနေတဲ့ Minaကို ခေါင်းစောင်းကာ လှမ်းတိုက်ပြီး အသံခပ်တိုးတိုးဖြင့်

"အရှင်မ အရှင်မ"

Minaကို ထပ်ပြီး ခေါင်းစောင်းကာ တိုက်လိုက်ရင်း

"အရှင်မ သတိထားပါဦး"

အနည်းငယ်လှုပ်လာကာ နိုးလာတော့မှ

"အဆင်ပြေရဲ့လား"

Minaက အခန်းကို ဝေ့ဝိုက်ကြည့်လိုက်ပြီး

"အဆင်ပြေပါတယ်"

Chaeyoungက နောက်ထက် Sanaခုံကို လှမ်းတိုက်နေပြီး

"Sana Sana သတိထားဦး ထထ Sana"

Chaeyoungက ခုံကို တိုက်ပြီး ခေါ်လိုက်တာကြောင့် Sanaကပါ နိုးလာပြီး လန့်ကာ

"ငါတို့ ဘယ်ရောက်နေတာလဲ"

Minaက ခေါင်းခါလိုက်ပြီး

"မသိဘူး"

Chaeyoungက သူမကိုယ်ကို အနည်းငယ်စောင်းပြီး

"အရှင်မ ဓားအသေးတစ်ချောင်းရှိတယ် ယူလို့ အဆင်ပြေရဲ့လား"

"မင်းကိုယ်လေး သေးသေးလေးထဲ ဘာလို့ အဲ့လောက်အများကြီး ထည့်ထားတာလည်း"

"အရေးပေါ်သုံးလို့ လွယ်အောင်ပါ"

Sanaက သူမတို့ ကို့ယို့ကားယား အခြေနေကို မမြင်နိုင်ဘဲ ကျောခိုင်းရင်းသာ

"အဲ့လို ကိုယ်ထဲ ဓားတွေ ထည့်တာကျ မနေ့ညကလို အခြေနေတွေမှာ မထိခိုက်မိဘူးလား"

Minaက Chaeyoungကိုယ်ထဲက ဓားကို ခက်ခက်ခဲခဲ ယူနေရင်းပဲ

"သတိထားရတာပေါ့"

ရုတ်တရက် တံခါးကို စောင့်ဖွင့်သံကြောင့် သူမတို့ အကုန် အသံလာရာဘက်ကို ငေးကြည့်မိသွားသည်။

တံခါးပွင့်သွားတာနဲ့ ငယ်ရွယ်ပြီး ခပ်ချောချော ကောင်မလေးတစ်ယောက် ထွက်လာတာပါ။ တော်တော်လေး အရပ်ရှည်ပြီး ကိုယ်လုံး​ကိုယ်ပေါက်က ဆွဲဆောင်မှု ရှိသလို အဖြူရောင် ဝတ်ရုံကို ဝတ်ထားတာကြောင့် သူ့ရဲ့ တည်ကြည်ခန့်ညားမှု ချောမောမှုက သိသာလွန်းနေချက်

Queen of Magic Sword MasterWhere stories live. Discover now