CHAPTER [ 6 ]

7.4K 1.2K 21
                                    

( U )

English Lecture ချိန် ပြီးတာနှင့်တစ်ပြိုင်နက် ခုံပေါ်က ရှိရှိသမျှစာအုပ်တွေ၊ဘောပင်တွေကို လွယ်အိတ်ထဲသို့အမြန်ကောက်ထည့်လိုက်ပြီး အခန်းထဲကနေအမြန်ဆုံးထွက်သွားဖို့လုပ်ရသည်။

လူက ဘာကြောင့်ရှက်လို့ရှက်နေမှန်းမသိ၊ အခန်းထဲကနေ အမြန် ပြေးထွက်သွားချင်တာပဲသိသည်။

စာသင်ချိန် စစချင်းတုန်းက အနည်းငယ်အိုက်၍ ချွတ်ထားသော Shirtကို အမြန်ကောက်ဝတ်လိုက်သည်။

ဘေးနားက ညီမဖြစ်တဲ့သူကလည်း ခုံပေါ်ခေါင်းမှောက်ပြီး အိပ်ပျော်နေတာမို့လို့ မနှိုးဘဲဒီတိုင်းထားခဲ့လိုက်ပြီး ဒီစာသင်ခန်းထဲကနေ အမြန်ပြေးထွက်လာတော့သည်။

" ဟေ့ Shirt ကပြောင်းပြန်ကြီး ! ''

အနောက်မှ Chanyeol ရဲ့အသံကြောင့် ပြေးနေတာကိုရပ်
လိုက်ကာ ကိုယ့်ကိုယ်ကိုပြန်ငုံ့ကြည့်တော့မှ သူပြောသလိုပြောင်းပြန်ကြီးဖြစ်နေသည်။

" ဘာတွေများ အလောတကြီးဖြစ်နေတာလဲဟင် ? ကိုယ့်ကိုတောင်မစောင့်ဘူးလား တူတူပြန်မယ်လို့ပြောထားတယ်လေ ''

လောလောဆယ်တော့ သူနှင့် မျက်နှာချင်းမဆိုင်ချင်သေးတာကြောင့် အတတ်နိုင်ဆုံးခေါင်းရှောင်ဖို့ ဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးလိုက်တော့သည်။

" ဟိုလေChanyeol shi ~ ကျွန်တော်က Sung Be နဲ့ပဲ ပြန် .. ပြန်လိုက်တော့မလို့အဲ့ဒါ ''

Chanyeol ကမယုံသည့်ပုံစံဖြင့် ကျွန်တော့်မျက်လုံးကို တည့်တည့်စိုက်ကြည့်ကာ ချောင်ပိတ်ဖမ်းတော့သည်။

" အဲ့တစ်ယောက်က စာသင်ခန်းထဲမှာ အိပ်နေတယ်မဟုတ်ဘူးလား?''

သူ့ရဲ့စကားကြောင့် ဘာပြန်ဖြေရမလဲ ကျွန်တော်မသိတော့။

မတွေ့ချင်လို့ရှောင်ပါတယ်ဆိုမှ တည့်တည့်ကိုလာတိုးနေသေးသည်။

" Yaaa ဗြောင်ဘတ် ! ''

အချိန်ကိုက်ပင် Sung Be ကလည်း ရောက်လာကာ ကျွန်တော့်ကို စူပုတ်ပုတ်ဖြင့်ဂျစ်ကျတော့သည်။

" နင်ငါ့ကိုဘာလို့မနှိုူးတာလဲ ? စောင့်လည်းမစောင့်ဘူး .. ဟယ် Chanyeol shi  ''

The boy who can govern me [COMPLETED] Where stories live. Discover now