CHAPTER [ 27 ]

4.9K 825 171
                                    

[ Unicode ]

တစ်ညလုံး ဖျားနေတဲ့Baekhyunကိုကိုယ်ဖိရင်ဖိ
ပြုစုပေးနေရတာကြောင့်Chanyeolမှာ
အိပ်ရေးပျက်ပြီးမျက်ကွင်းတွေတောင်ညိုနေသည်။

တစ်ရေးမှေးလိုက် ပြန်ထလိုက်၊Baekhyun
ရဲ့နဖူးပေါ်လက်တင်ပြီး အပူချိန်စမ်းလိုက်၊
စောင်ထခြုံပေးလိုက်နဲ့သူ့မှာကောင်းကောင်းမအိပ်နိုင်။

ချွေးထွက်လွန်ပြီး ပြန်ဖျားမှာလည်းစိုးတာကြောင့်
တရေးနိုးတိုင်း Baekhyunရဲ့
ခန္ဓာကိုယ်မှာချွေးတွေရွှဲမရွှဲထထကြည့်ရသေးသည်။

တစ်ခါ နံနက်ငါးနာရီထိုး alarm မြည်တာနဲ့
ချက်ချင်းထကာ Baekhyunကို
ရေပတ်တိုက်ပေးပြီးအဝတ်အစားတွေ
လဲပေးရသေးသည်။

အိပ်ချင်လွန်းတာကြောင့် တဝါးဝါးသမ်းနေရသော်လည်း
Chanyeolက မျက်လုံးကိုအတင်းပြူးထားကာ
Baekhyun နိုးလာရင်ကျွေးဖို့အတွက် မီးဖိုချောင်ထဲမှာ
အလုပ်တွေရှုပ်နေတော့သည်။

Baekhyun စားဖို့သောက်ဖို့အတွက်အကုန်
ပြင်ဆင်ပြီးတာနဲ့ကုမ္ပဏီသွားဖို့အတွက်
ရေမိုးချိုးပြီးအဝတ်အစားကို မြန်မြန်လဲရလေသည်။

Chanyeolလည်းရေချိုးပြီး ကုတင်ပေါ်က
စောင်ခြုံထဲမှာကွေးကွေးလေးအိပ်နေတဲ့
Baekhyunကလည်း အချိန်ကိုက်ပင်
နိုးလာလေသည်။

" မောင် ''

" ဗျာ ~ ''

စောင်ထဲကနေမထွက်သေးဘဲ မောင်ဟု
တဖွဖွခေါ်နေသည့် Baekhyun ကြောင့်
Chanyeolမှာ အရင်ဦးဆုံးသဘက်တစ်ထည်ဖြင့်
ရေကိုမြန်မြန်ခြောက်အောင်သုတ်ရလေသည်။
ထို့နောက် ဗီဒိုကိုအမြန်ဖွင့်ပြီး  တွေ့ရာshirt
အကျႌနဲ့ဘောင်းဘီကိုအမြန်ကောက်ဝတ်လိုက်သည်။
ပြီးတော့မှ ကုတင်ပေါ်ကိုတက်ပြီး စောင်ခေါင်းမြီးခြုံ
ထားတဲ့Baekhyunရဲ့ကိုယ်လုံးလေးကို
ပွေ့ဖက်ထားလိုက်သည်။

" မောင့်အသည်းအသက်လေး ~ ''

Chanyeolဘယ်လိုပဲခေါ်ခေါ်
Baekhyunကလုံးဝပြန်မထူး။
သူခေါ်တုန်းမှာချက်ချင်းအနားကိုရောက်မလာတာ
ကြောင့် စိတ်ကောက်နေမှန်းChanyeol
ချက်ချင်းပင်ရိပ်မိလိုက်သည်။

" ဘာလို့ ချက်ချင်းအနားကိုရောက်မလာတာလဲ? "

ရန်ထောင်တဲ့အသံစွာစွာလေးနဲ့ပြောလာသည့်
Baekhyunကြောင့် Chanyeolက
သဘောကျစွာပြုံးလိုက်သည်။

The boy who can govern me [COMPLETED] Where stories live. Discover now