CHAPTER [ 16 ]

6.2K 999 124
                                    

(U)

Farewell ပြီးတည်းက ကျောင်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့အကြောင်းအရာက စနိုးဝှိုက်Season-2 ဆိုသည့်အကြောင်းပင်ဖြစ်သည်။

ဘယ်နေရာကိုသွားသွား ကျွန်တော်တို့အမြဲကြားရတဲ့အသံက 'Chanbaek'

မောင်နှင့် ကျွန်တော်တွဲနေကြတာကို တစ်ကျောင်းလုံးကို Stage ပေါ်ကနေ အသိပေးကြေညာလိုက်တဲ့မောင့်ကြောင့် ညီမဖြစ်သူ Sung Be ကိုလည်း မရှိမဲ့ရှိမဲ့ပိုက်ဆံလေးဖြင့် Iphone ဝယ်ပေးလိုက်ရသေးသည်။

' ငါ့ဖုန်းလေးကအသစ်ဆိုတဲ့အတိုင်း တကယ့်ကိုမိုက်တာဟာ '

ဆိုပြီး တစ်နေကုန်မှန်ရှေ့ကမခွာဘဲ mirror selfie ပဲတစ်ချိန်လုံးရိုက်နေတဲ့ Sung Be ကို ကျွန်တော်မျက်စိ ဆံပင်မွှေး စူးနေပြီလည်းဖြစ်သည်။

' နင်ဒီတစ်သက် ဓာတ်ပုံရိုက်လို့ပြီးဦးမှာလား '

' ပြီးတော့မှာ ခဏလေးပဲစောင့် '

မှန်ရှေ့မှာ poseအမျိုးမျိုးဖြင့် ဓာတ်ဖမ်းနေတဲ့ Sung Be က တစ်ပုံနှစ်ပုံလောက်ထပ်ရိုက်ပြီးတဲ့အခါမှာသာ မှန်ရှေ့ကခွာသွားတော့သည်။

' ဘာကြည့်တာလဲ၊ ဘာလဲ Iphone ဝယ်ပေးလိုက်ရလို့ မကျေနပ်ဘူးလား '

ပါးကိုရွဲ့စောင်းကာ ပြောလာတဲ့ငတိမလေးကို ပြန်ပြောမည်ရွယ်နေတုန်းမှာပဲ ဖုန်းသံကမြည်လာတော့သည်။ဆက်တဲ့သူက
မောင်။

' ဟဲလို '

' မောင်နံနက်စာလာပို့မလို့၊ အဲ့ဒါအရှေ့ကိုထွက်ခဲ့ပါဦး '

' ဟမ် အရှေ့မှာလား '

ဖုန်းကိုလက်ကမချဘဲ လိုက်ကာကိုဖယ်ကာ ကြည့်လိုက်တော့ မောင်ကအဆောင်ရှေ့ကနေ လက်လှမ်းပြနေသည်။

' အခုပဲဆင်းလာခဲ့မယ်နော် မောင် '

...

အေးလွန်းသည့်ရာသီဥတုကိုအန်တုကာ အဆောင်ရှေ့မှာ မတ်တပ်ရပ်နေတဲ့ မောင့်အနားကိုအမြန်ပြေးသွားလိုက်သည်။

' အထဲကို ဝင်လာလို့ရပါတယ်မောင်ရယ်၊ အပြင်မှာစောင့်နေရတာ အေးနေမှာပေါ့ '

' နေပါစေ မဝင်တော့ပါဘူး။ ကလေးရဲ့ညီမလည်းရှိတယ်မလား?ဘယ်လောက်ပဲ ချစ်သူရည်းစားဖြစ်နေပါစေ၊

The boy who can govern me [COMPLETED] Where stories live. Discover now