CHAPTER [ 28 ]

4.6K 763 81
                                    

[ Unicode ]

နိုဝင်ဘာလ ၂၇ ရက်နေ့...

လူနှစ်ယောက်ပဲနေသည့်အိမ်လေးသည်
ဒီနေ့တွင် အရင်ကထက်ပို၍အသံတွေ
ဆူညံနေသည်။

မီးဖိုချောင်ထဲကအိုးသံခွက်သံတဒုန်းဒုန်းနဲ့
ဇွန်းသံခက်ရင်းသံတချွင်ချွင်တို့က
တစ်ညီတစ်ညာတည်းထွက်လာသည်။

အေပရွန်ကိုဟန်ကျပန်ကျဝတ်ဆင်ထားသော
Baekhyun၏လက်ထဲတွင် ဓားတစ်လက်ရှိပြီး
စဉ်းတီတုံးပေါ်တွင်လှီးချွတ်ပြီးသား ဂေါ်ဖီနဲ့
တခြားအရွက်တွေကပြန့်ကြဲလျက်ရှိသည်။

" ဒီလောက်ဆိုရင် အနေတော်ပဲထင်တယ် ''

အတုံးလိုက်အတစ်လိုက်ဂေါ်ဖီတွေကိုကြည့်ကာ
Baekhyun နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလိုက်သည်။

အဖျားကျသွားပြီဖြစ်ပေမဲ့ နှစ်ရက်သုံးရက်လောက်
အိမ်မှာနားနေပါဦးဆိုတဲ့Chanyeolရဲ့
စကားကြောင့် Baekhyunအိမ်မှာပဲ
သောင်တင်နေရလေသည်။

ဒီနေ့ကတော့ Chanyeolရဲ့မွေးနေ့ဖြစ်သည့်အတွက်
မွေးနေ့ရှင်ကို Suprise လုပ်ချင်တာကြောင့်
ဟင်းချက်စွမ်းရည်ကိုပြသရန်မီးဖိုချောင်ထဲမှာပဲ
အလုပ်တွေရှုပ်နေရတော့သည်။

ရုံးဆင်းချိန်ခြောက်နာရီဆိုရင်
အိမ်ကိုခြောက်နာရီတိတိ
ပြန်ရောက်တတ်တဲ့Chanyeolကြောင့်
နေ့လည်သုံးနာရီလောက်တည်းက
ပြင်ဆင်ချက်ပြုတ်နေရတော့သည်။

ထမင်းအိုးတည်ရတာကတော့
အဆင်ပြေသည်ဟုပင်ဆိုရမလား။
ရေနှစ်ဆ ဆန်တစ်ဆအချိုးကျကျ
ထည့်ပြီး မီးပလပ်ထိုးထားလိုက်သည်။

မီယောဂုဟင်းရည်အတွက်ကတော့
ဒယ်အိုးထဲကိုရေအပြည့်ဖြည့်ပြီး
အရင်ဦးဆုံးပွက်ပွက်ဆူအောင်တည်လိုက်သည်။
ငါးမိနစ်လောက်ကြာတဲ့အခါမှာတော့
ဆူပွက်နေတဲ့ရေနွေးပူပူထဲကို
လှီးချွတ်ထားသမျှ ဂေါ်ဖီထုပ်တွေ၊အရွက်အစုံ၊
ထည့်ပြီး ဟင်းခတ်မှုန့်အနည်းငယ်ထည့်လိုက်သည်။

ဒီထိက အဆင်ပြေပြေလုပ်နိုင်သေးသည်ဟုဆိုရမည်။
ကြက်သားကြော်ရန် လုပ်သည့်အခါတွင်တော့
မီးဖိုချောင်တစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွား
မတတ်ပင် အုတ်အော်သောင်းနင်းဖြစ်သွားသည်။

The boy who can govern me [COMPLETED] Where stories live. Discover now