CHAPTER [ 26 ]

5.2K 854 161
                                    

[ Unicode ]

" မန်နေဂျာချုပ် Park Chanyeolရဲ့
ကောင်လေးကိုသိပြီးပြီလား? "

" မန်နေဂျာချုပ်ရဲ့ကောင်လေးက ချစ်စရာလေး ''

" အဲ့ဒီ့ကောင်လေးနဲ့မန်နေဂျာချုပ်နဲ့က
ကျောင်းမှာတည်းကတွဲနေကြတာတဲ့ ''

တစ်ယောက်တစ်ပေါက်နဲ့ပြောနေကြတဲ့
ဝန်ထမ်းတွေရဲ့စကားသံတွေက DoMoနားထဲသို့
ကန့်လန့်ဖြတ်၍ဝင်သွားသည်။
တစ်နေ့တစ်နေ့ဒီအတွဲအကြောင်းကိုပဲ
ကြားနေရတာကြောင့် နားကလော်လာပြီဖြစ်သည်။

တစ်ခါတလေဆို သူတို့နှစ်ယောက်ကိုကြည့်ပြီး
အထီးကျန်လာသလိုလို ရည်းစားပဲထားချင်လာသလိုလို
အချစ်ခံချင်လာသလိုလို အမျိုးအမည်တပ်၍မရသော
ခံစားချက်များက ဖြစ်ပေါ်လာတတ်သည်။

အခုလည်း ဘယ်သူတွေဘယ်လောက်ပြူးပြဲပြီး
ကြည့်နေပါစေ Baekhyunရဲ့လက်လေးကို
ဆုပ်ကိုင်ကာ ကုမ္ပဏီထဲသို့ဝင်လာသည့်Chanyeol
ကိုကြည့်ပြီး ညှိုးငယ်လှသောမျက်နှာထားဖြင့်
အသင့်နေရာယူပြီးကြိုဆိုလိုက်သည်။

" ရောက်လာပြီလား မန်နေဂျာချုပ် ''

" ခဏနေကျရင် ရုံးခန်းကိုလာပြီး
အစီအရင်ခံစာလာတင်နော်။
ဌာနကတခြားသူတွေနဲ့ မထည့်ပေးလိုက်နဲ့ ''

DoMoနှုတ်ဆက်တာကိုတောင်ပြန်မပြောနိုင်ဘဲ
Baekhyun ကိုမှာတမ်းခြွေနေသည့်
Chanyeolရဲ့အာရုံက သူ့ဆီမှာလုံးဝမရှိ။

Baekhyun ရဲ့စားချိန်သောက်ချိန်ကအစ
အသေးစိတ်လိုက်မှာကြားနေသည်။နေ့လည်
12နာရီအတိထိုးတာနဲ့ ထမင်းစားခိုင်း၊ညနေ
6နာရီအတိဆိုတာနဲ့ ချက်ချင်းရုံးဆင်းခိုင်း။

ဒီအချိန်မှာတစ်ယောက်ယောက်က
over-timeလှိမ့်ဆင်းခိုင်းနေသည့်
မန်နေဂျာချုပ်Park Chanyeolကိုခေါ်ပေးပါလို့
ပြောရင်ဘယ်သူ့ကိုလက်ညှိုးထိုးပြရမလဲမသိ။

အချစ်က လူကိုပြောင်းလဲစေတာလား?
လူတွေက အချစ်ကြောင့်ပြောင်းလဲတာလား?

အချစ်ဆိုသည်မှာ အချစ်မခံရဖူးတဲ့သူတွေနဲ့
ချစ်သူမရှိတဲ့သူတွေဘယ်တော့မှမဖြေရှင်းနိုင်သော
ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်ဆိုတာတော့ ရာနှုန်းပြည့်မှန်သည်။

The boy who can govern me [COMPLETED] Where stories live. Discover now