CHAPTER [ 22 ]

5K 859 78
                                    

(U)

" ဒီနေ့မှစပြီး အလုပ်ဝင်မှာပါ
Byun Baekhyunလို့ခေါ်ပါတယ် ''

" ကြိုဆိုပါတယ်အသစ်ကလေး ''

စစရောက်ချင်းနေ့မှာတည်းက
Baekhyun ရဲ့မျက်နှာထားလေးနဲ့အပြုံးကြောင့်
ဝန်ထမ်းတော်တော်များများကသတိထားမိကြသည့်
အပြင်လုပ်ဖော်ကိုင်ဖက်တွေအကုန်လုံးကလည်း
ရင်းနှီးဖော်ရွေစွာကြိုဆိုကြသည်။

" အသစ်လေးက အချောလေးပဲ ချစ်စရာလေး ''

အသက်လေးဆယ်နားကပ်နေပြီဖြစ်သော
အပျိုကြီးမမတစ်ယောက်ရဲ့အသံကြောင့်
ဋ္ဌာနတစ်ခုလုံးရဲ့ရယ်သံတွေစီခနဲထွက်လာသလို
Baekhyun ပါလိုက်ပြုံးမိလိုက်သည်။

မပြုံးနိုင်တာက Chanyeol ။

သူ့ချစ်သူလေးကိုသူ့ရှေ့မှာတင် ဝစီကံနဲ့လာပြစ်မှားနေတာ။
အသက်ကဖြင့်လေးဆယ်နားကပ်နေပြီ !

Baekhyun ကိုငဲ့ကြည့်လိုက်တော့လည်း
မျက်လုံးများမှိတ်ကျသည်အထိပြုံးနေတာကြောင့်
Chanyeolမှာ နေမထိထိုင်မသာ။

" မသိတာရှိရင် မမကိုမေးလို့ရတယ်နော် ဂျူဂျူလေး ''

သူမရဲ့ မျက်စောင်းထိုးနေရာလောက်မှာ
နေရာယူနေသော Baekhyunကို
ကူညီမည်တကဲကဲလုပ်နေသောအပျိုကြီးကြောင့်
လူတိုင်းက ပြုံးစိစိနဲ့။

ဒီအပျိုကြီးရဲ့ ထုံးစံကိုကအသစ်ရောက်လာတဲ့
ကောင်လေးချောချောလေးတွေဆို ပိုးနေကြ။
သူချိန်လိုက်သမျှကောင်လေးတွေကလည်း
ရည်းစားရတဲ့သူကရ အလုပ်ထွက်တဲ့သူကထွက်
အိမ်ထောင်ကျတဲ့သူကကျ ဋ္ဌာနပြောင်းတဲ့သူကပြောင်းနဲ့
အင်မတန်ကံခေရှာသည်။

အသက်ကသာ သုံးဆယ်ကျော်လေးဆယ်နားကပ်နေတာပါ
အချစ်ရေးမှာ Level ကအခုထိမတက်သေး။

အခုလည်း အသစ်ရောက်လာတဲ့
Baekhyunနားကိုကပ်ရန်ကြံနေပြန်သည်။

" မသိနားမလည်တာရှိရင် သူ့ကိုကူညီပေးလိုက်ပါ ''

" ဟုတ်ကဲ့ မန်နေဂျာချုပ် ''

Chanyeolက ဘောင်းဘီအိတ်ထဲလက်ထည့်ထားပြီး
စတိုင်ကျကျရပ်နေကာဌာနကသူတွေအကုန်လုံးအား
Baekhyun ကိုကူညီဖေးမပေးဖို့သာ
လိုက်လံမှာကြားနေသည်။

The boy who can govern me [COMPLETED] Where stories live. Discover now