CHAPTER [ 29 ]

4K 710 34
                                    

[ Unicode ]

မင်္ဂလာတေးသံပျံ့လွင့်နေသောခန်းမ
အလယ်တွင် Chanyeolတို့နှစ်ယောက်နဲ့
ဌာနထဲကလုပ်ဖော်ကိုင်ဖက်နှစ်ယောက်
သုံးယောက်လောက်က တစ်ဝိုင်းတည်း
အတူတူထိုင်နေကြလေသည်။

ကုမ္ပဏီကရာထူးကြီးကြီးတစ်ယောက်ရဲ့သမီး
မင်္ဂလာဆောင်ဖြစ်တာကြောင့်
သူတု့အကုန်လုံး လူစုံတက်စုံ
ကြွရောက်ချီးမြှင့်ပေးကြရလေသည်။

သတို့သားသတို့သမီးနှစ်ဖက်လုံးက
ပိုက်ဆံရှိတဲ့မိသားစုနောက်ခံရှိတာကြောင့်
နာမည်ကျော်ကြားတဲ့အဆိုတော်တွေကပါ
လာရောက်ဖျော်ဖြေကြသည်။ထို့ပြင်
သတို့သားအရံ သတို့သမီးအရံတွေကအစ
နာမည်ကြီးမော်ဒယ်တွေကိုပဲငှါးထားသေးသည်။

မင်္ဂလာဆောင်မှာကျွေးသည့်အစားအစာတွေကလည်း
နာမည်ကြီးဟိုတယ်တွေကမှာတာဖြစ်တာကြောင့်
အနံ့အရသာနဲ့သန့်ရှင်းမှုအတွက်ဘာမှ
ပြောစရာမလိုအောင် perfect ဖြစ်လွန်းသည်။

ဒီလိုမင်္ဂလာပွဲတစ်ပွဲအတွက်ကုန်ကျစရိတ်
သည် နည်းနည်းနောနောငွေပမာဏမဟုတ်
လောက်ဟု Baekhyun တွေးမိသည်။
ဒါတောင် မင်္ဂလာဆောင်ခန်းမငှါးခမပါသေး။

" အားကျလို့လား? "

ခန်းမတစ်ခုလုံးကိုစေ့စေ့စပ်စပ်
လိုက်ကြည့်နေတဲ့Baekhyunကို
Chanyeolက နှစ်ကိုယ်ကြားရုံလောက်လေး
တီးတိုးမေးလိုက်လေသည်။

" ဟင့်အင်း အားမကျပါဘူး
ဘာလို့မေးတာလဲ? ''

" ကိုယ်တို့မင်္ဂလာဆောင်တုန်းက
ဒီလိုခမ်းခမ်းနားနားမလုပ်ခဲ့ဘူးလေ ''

စိန်ထည်တွေတလက်လက်တောက်ပနေသော
ဝတ်စုံကိုဆင်မြန်းထားတဲ့သတို့သမီးကိုကြည့်ရင်း
Baekhyun ကခေါင်းခါပြသည်။

" ဒီလောက်တော်တဲ့အမျိုးသားရထားတာ
သူများကိုအားကျစရာလားလို့ ~''

Chanyeolက အူယားစရာကောင်းသော
Baekhyun ရဲ့မေးစေ့လေးကိုဖြတ်ခနဲ
လှမ်းနမ်းလိုက်တာကြောင့် တစ်ဝိုင်းတည်း
ထိုင်နေတဲ့သူတွေက ဘာမှမမြင်လိုက်သလို
ဟန်ဆောင်ကာ မျက်လုံးကိုတောင်ကြည့်မြောက်ကြည့်
တွေလုပ်နေလိုက်သည်။

The boy who can govern me [COMPLETED] Where stories live. Discover now