CHAPTER [ 8 ]

6.7K 1.1K 36
                                    

(U)

Helicopter ကို ကိုယ်တိုင်မောင်းကာ လိုက်ပို့ပေးမည့် Chanyeolရဲ့ မျက်နှာသည် Confident အပြည့်ရှိလှသည်။

" Wait ! Chanyeol shi ကိုယ်တိုင်မောင်းမှာလား? ''

ကျွန်တော်ကမေးလိုက်တော့ သူကဟက်ခနဲရယ်သည်။

" ကိုယ်က ဆယ့်ခြောက်နှစ်သားတည်းက မောင်းတတ်ပြီးသားပါနော် ''

" ဝိုး ''

တဝိုးဝိုးလုပ်နေသော Sung Be ကိုမြင်တဲ့အခါမှာတော့ Chanyeol ရဲ့မျက်နှာက တည်သွားလေသည်။

" သူကဘာလိုက်လုပ်မှာလဲ? ''

Chanyeol ခပ်တည်တည်ကြီးနှင့် မေးတော့ Sung Be က ကျွန်တော့လက်မောင်းကိုချိတ်လိုက်ပြီး မထိတထိမျက်နှာထားဖြင့်ပြန်ဖြေသည်။

" အဲဒီ့ Wedding ကို ကျွန်မပါလိုက်ရမှာလေ။ ဘာလို့လဲဆိုတော့ ကျွန်မကမင်္ဂလာဆောင်မှာပန်းကြဲရမှာ ''

Chanyeolက ဘာမှပြန်ပြောမနေတော့ဘဲ Sung Be
လက်ချိတ်ထားတဲ့ ကျွန်တော့လက်မောင်းကိုအသာဆွဲယူလိုက်ပြီး ကျွန်တော့်လက်ထဲကluggageကိုလည်း သူ့လက်ထဲလွှဲပြောင်းကာယူလိုက်သည်။ ပြီးတော့ ကျွန်တော့ပခုံးကိုဖက်ကာ Helicopter ပေါ်သို့တက်ခဲ့ကြသည်။

Helicopter ပေါ်မတက်ရသေးတဲ့ Sung Be ကပြောင်စပ်စပ်နှင့် လိုက်ရမှာလားဟုလှမ်းစတော့ ကျွန်တော်ကပဲသူ့ကိုခေါင်းငြိမ့်ကာခေါ်လိုက်သည်။

သူ့ကို သက်သက်တခြားလေယာဉ်နှင့်ပြန်ခိုင်းလို့တော့မဖြစ်ပါ။

ကျွန်တော့်ညီမဟာ ဘယ်လောက်စပ်စလူးထသလဲဆိုတာ ကျွန်တော်အသိဆုံးပင်။

" ထိုင်မယ်နော် ''

Helicopter ပေါ်ရောက်တာတောင် တိတ်တိတ်မနေဘဲ Chanyeolကိုလှမ်းစနေသေးတာကြောင့် ကျွန်တော်သူ့ကိုအံကြိတ်ပြလိုက်သည်။သို့သော် Chanyeol ကလည်းမခေသူဖြစ်တာကြောင့် မျက်နှာတည်တည်ကြီးဖြင့်ပြန်ပြောသည်။

" ထစီးလည်းဖြစ်တယ်''

" အို ဒါဆိုဘီးဖက်ပြီးလိုက်စီးရမှာလား? ''

" ဒလက်ပေါ်မှာငုတ်တုတ်ထိုင်စီးပေါ့ ''

Chanyeolရဲ့ မှင်သေသေမျက်နှာထားဖြင့် အငေါ်တူးကာ
ရွဲ့ပြောသောစကားကြောင့် Lee Sung Be က ခွက်ထိုးခွက်လန်ထရယ်တော့လေသည်။

The boy who can govern me [COMPLETED] Where stories live. Discover now