CHAPTER [ 25 ]

5.2K 859 70
                                    

[ Unicode ]

အဖြူရောင်ခန်းစီးစတွေက လေအဝှေ့မှာ
တရွေ့ရွေ့လွင့်မျောနေကြသည်။အေးစက်သော
လေထုက အခန်းထဲသို့မထိုးဖောက်နိုင်သည်ထင်ရဲ့။
နှစ်ယောက်လုံး၏စိတ်ထဲမှာ ရင်ခုန်မှု၊လှိုက်မောမှု
တွေနဲ့ နှလုံးသားကခပ်နွေးနွေးဖြစ်နေကြသည်။

ဒီညက သူတို့ရဲ့ပထမဦးဆုံးည...
တစ်နည်းအားဖြင့်ဆိုရသော် မင်္ဂလာဦးည။

ပထမဦးဆုံးအနမ်းတောင်မပေးရသေးတာကြောင့်
ပထမဦးဆုံးညဆိုတာချည်းကို ကျော်ဖြတ်ရန်
Baekhyun ရှက်နေမိသည်။

ရေချိုးခန်းထဲမှာရေချိုးနေတဲ့ Chanyeol
ထံမှ ရေကျသံတစ်တောက်တောက်ကြားလိုက်ရတိုင်း
Baekhyun ၏နှလုံးသားငယ်ရပ်ဝန်းနေရာမှလည်း
တဒုတ်ဒုတ်မြည်နေလေသည်။

" ဒီတစ်ညကိုဘယ်လိုကျော်ဖြတ်ရမလဲ? "

ကုတင်ပေါ်မှာတစ်ယောက်တည်းထိုင်နေရင်း
ဆောက်တည်ရာမရဖြစ်နေတဲ့Baekhyunက
ရေချိုးခန်းတံခါးဖွင့်သံကြားလိုက်သောအခါ
ကျောပါ တောင့်ခနဲဖြစ်သွားသည်။

သဘက်တစ်ထည်ကိုခါးမှာပတ်ထားရင်း
သူ့ဆီကိုဦးတည်ပြီး တစ်လှမ်းချင်းစီလျှောက်လာတဲ့
ခြေသံတွေရဲ့ပိုင်ရှင်ဖြစ်တဲ့ Chanyeolကို
မော့မကြည့်ရဲသေး။

ကုတင်နားကိုရောက်လာတဲ့အခါမှာ
ခြေစုံလိုက် ရပ်လိုက်တဲ့Chanyeolကြောင့်
Baekhyun အသက်ကိုအောင့်ထားမိလိုက်သည်။

" ရေမချိုးရသေးဘူးမလား? "

" အင်း ''

" မချိုးနဲ့တော့ ဒါဆို ''

ရေချိုးခန်းထဲကို ရှောင်ပုန်းလို့များရမလားဟုကြံပြီး
ခေါင်းကို အသားကုန်စွတ်ငြိမ့်ပြနေတဲ့
BaekhyunကChanyeolရဲ့စကားကိုကြားပြီး
ပြောစရာစကားတို့တောင်ပျောက်ရှသွားသည်။

" Chan Chan yeol ~ ''

ကုတင်ပေါ်ကိုစွေ့ခနဲဝင်ထိုင်လိုက်ပြီး Baekhyun
ပခုံးပေါ်မျက်နှာလာအပ်တဲ့Chanyeolရဲ့
အသက်ရှူသံတွေကလည်း မြန်ဆန်လွန်းနေသည်။

ဘယ်ဘက်ပခုံးပေါ်က အကျႌတစ်ဖက်ကိုလျှောချကာ
နှုတ်ခမ်းနဲ့ထိစပ်ကာနမ်းလိုက်တဲ့Chanyeolကြောင့်
Baekhyun ကြက်သီးများပင်ထသွားသည်။

The boy who can govern me [COMPLETED] Where stories live. Discover now