CHAPTER [ 23 ]

4.7K 839 85
                                    

[ Unicode ]

Platinum မောင်းကွင်းလေးကိုတစ်ပတ်လည်အောင်
ကြည့်နေရင်း Chanyeol စိတ်ကူးထဲပေါ်လာတာက
Baekhyun ရဲ့လက်သူကြွယ်လေးပင်ဖြစ်သည်။
မောင်းကွင်းလေးပေါ်တွင် 11:11ဟုရေးထားရုံကလွဲ
ဒီဇိုင်းက ရှင်းရှင်းလင်းလင်းလေးပင်ဖြစ်သည်။

နေနဲ့လ ရွှေနဲ့မြဆိုတာတွေသူမသိ။
သူသိတာက ဒီပလက်တီနမ်လက်စွပ်လေးက
ချစ်ရသူရဲ့လက်သူကြွယ်မှာထာဝရတည်ရှိနိုင်ဖို့သာဖြစ်သည်။

" ဒီနေ့ လက်ထပ်ခွင့်တောင်းရတော့မယ် ''

စားပွဲတင်ပြက္ခဒိန်ထဲကနိုဝင်ဘာလဆယ့်တစ်ရက်ကို
Chanyeolကဘောပင်ဖြင့် အသည်းပုံပုံစံဝိုင်းလိုက်သည်။

" save the date ''

ပြက္ခဒိန်လေးကိုတလှည့် လက်စွပ်လေးကိုတစ်လှည့်
ကြည့်နေရင်းအလုံးအရင်းနဲ့ဝင်ရောက်လာတဲ့ကြည်နူးမှုတွေက Chanyeolရင်ကိုတသိမ့်သိမ့်ဖြစ်စေသည်။

အိတ်ကပ်ထဲကိုအမြဲသိမ်းထားလေ့ရှိသော
Baekhyun ရဲ့ကျောင်းသားကဒ်လေးကို
ထုတ်ကြည့်လိုက်ပြီး အမြတ်တနိုးနမ်းရှိုက်လိုက်သည်။

" မင်းက မောင့်ရဲ့ရွှေရင်အေးလေးကွာ ''

ကျောင်းသားကဒ်ထဲကပြုံးပြနေတဲ့Baekhyun
ရဲ့မျက်နှာလေးကိုငေးကြည့်နေတုန်း တစ်မိုင်အကွာ
လောက်တည်းက ဂျာကြီးဟုအော်ကာပြေးဝင်လာတဲ့
သူကြောင့်ဓာတ်ပုံကိုအံဆွဲထဲအမြန်ထည့်လိုက်ပြီး
လက်စွပ်ကိုတော့ဘူးထဲပြန်မထည့်နိုင်တော့ဘဲ
ဘောင်းဘီအိပ်ကပ်ထဲကိုသာထည့်လိုက်ရသည်။

အရေးကောင်း ဒိန်းဒေါင်းဖျက်ဆိုတာဒါမျိုးကို
ပြောတာပင်။

" ဂျာကြီး marketing ဌာနကို
သွားပြီးစာရင်းကောက်ရဦးမယ်ဗျာ့ ''

"အင်း''

...

" ဒီရက်ပိုင်းအတွင်း ပစ္စည်းတွေပြတ်တာ
မြန်တယ်ဂျာကြီး ။ ကျွန်တော်တို့ရဲ့
Product ကတော့တကယ့်ကိုထုတ်ကုန်ပဲနော်။
ထုတ်လိုက်တာနဲ့ ကုန်ကုန်သွားတာချည်းပဲ ''

" အင်း ''

Chanyeolက ဂျင်းဘောင်းဘီအိပ်ကပ်ထဲကို
လက်ထည့်ကာ DoMoပြောသမျှကိုခေါင်းတငြိမ့်ငြိမ့်နဲ့
နားထောင်နေသည်။

The boy who can govern me [COMPLETED] Where stories live. Discover now