နန်းတော်ကိုရောက်သောအခါ ရိပေါ်
အရင်လုပ်တာကယုန်လေးအတွက်နူးညံ့သော
သားမွှေးများနဲ့ပြုလုပ်ထားသောအခင်းများကို
အပ်ချုပ်သမားများအားချုပ်ခိုင်းခြင်းဖြစ်သည်။" မြန်မြန်ချုပ်ကြနေမဝင်ခင်ငါးထည်
အပြီးလိုချင်တယ်ဒီရက်ပိုင်းတအားအေးလာတယ်"( ဝါး.....မင်းကအရမ်းကြင်နာတာပဲ.... )
သူ့လက်ထဲတွင်ငြိမ်ကာမှိန်းသောယုန်ပေါက်.
လေးကိုအူယားသဖြင့်သူ့ရဲ့နှာခေါင်းနဲ့
ယုန်လေးရဲ့နှာသီးရဲရဲလေးကိုပွတ်သပ်ကာ
ကျီစယ်နေသည်.။အစေခံများနဲအပ်ချုပ်သမားများကသူတို့အရှင်
ရဲ့ပုံစံကိုမြင်ပြီးတော့အံ့သြသွားကြသည်။သူတို့အရှင်ဖြစ်သူကတစ်ချိန်လုံးတွင်မျက်နှာ.
တည်ထားကာပြုံးရီနေဖို့ဆိုတာဝေးစွ......အခုတော့ယုန်တစ်ကောင်ကြောင့်ရီမောနေ
သဖြင့်သူတို့သည်အထူးအဆန်းလိုကြည့်နေသည်။" ဟောက်ရွှမ်းမင်းပြောကြည့်ငါသူ့အတွက်နန်း
ဆောင်တစ်ဆောင်ပေးသင့်လား အဆောင်အ
ယောင်နဲ့ဆိုသူကပိုပြီးဂုဏ်ရှိသွားမယ်မလား "( Wtf.... ကိုကိုလေးရယ် ခဗျားချမ်းသာပြီးအာဏာ
ရှိတာကိုငါသိပါတယ် ယုန်တစ်ကောင်အတွက်
တော့ဒီလိုမလုပ်ပါနဲ့.... )" ခွီ...အဟင်း..အဟင်း.."
အရှင့်ရဲ့စကားကြောင့်ဟောက်ရွှမ်းထိန်းထား
သည့်ကြားမှရီသံထွက်သွားသေးသည်။မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်သောကြောင့်သာ
ရီချင်နေသည့်စိတ်ကိုအတင်းမြိုချရသည်။" မ...မသင့်တော်ပါဘူးအရှင် သူကယုန်ဆိုတော့
အဆောင်တော်ထဲမှာတစ်ယောက်ထဲထားတာနဲ့
စာရင်အရှင်ကိုယ်တိုင်ဂရုစိုက်ပေးတာကပိုကောင်း
တယ်မလား... ? "( ဟေ့....ဂရုစိုက်ရအောင်ငါက ကလေးလား><
မင်းတို့လုပ်မှငါ့ကိုယ်ငါယုန်ကနေ မိဖုရားလေး
တစ်ပါးလိုခံစားလာရတယ် )" အင်း...မင်းပြောတာလဲမဆိုးပါဘူး ထားလိုက်ပါ
သူ့ကိုတော့ငါပဲစောင့်ရှောက်မယ် ဒါပေမဲ့အဆောင်
အယောင်တွေတော့ပေးထားမယ် အစေခံတွေရော
ပဲ "
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "