Chapter 37 Final

24.1K 1.5K 101
                                    

45

" အား.... !! ဝမ်ရိပေါ်...လူယုတ်မာ ငါမင်းကိုသတ်မယ်...အား... !! "

ရိပေါ်ကအဆောင့်ရှေ့မှာ အရှေ့လျောက်လိုက်
အနောက်လျောက်လိုက်နဲ့ ရသမျှဘုရားစာအကုန်
ရွတ်နေသည် ။

အကြောင်းမှာကား ဒီနေ့က အချစ်ရဲ့ဗိုက်ထဲက
မျောက်လောင်းလေးကိုမွေးနေတဲ့နေ့....

ဆုရီနဲ့ဟောက်ရွှမ်းက ကျောက်စားပွဲပေါ်မှာရိက္ခာ
အပြည့်နဲ့ထိုင်နေပြီး တစ်ခုပြီးတစ်ခုစားနေတာ...

ရိပေါ်ကသာမျောက်မီးခဲတက်ထို်င်နေတဲ့အတိုင်း
သူ့မှာဘာလုပ်လို့လုပ်ရမှန်းမသိ...

" ဆုရီ ဟိုဘက် ကြာစွယ်စွတ်ပြုတ်လေးပေး "

" အွင်း...ဒီမှာ... "

သူ့ဘေးကစွတ်ပြုတ်ခွက်ကိုဟောက်ရွှမ်းဘက်ကို
ချပေးပြီးဆုရီက လျန့်နီစန်းခွာပေးနေတဲ့ နေကြာစေ့
တွေကိုထိုင်စားနေသည် ။

စစ်ပွဲအလီလီဓားနဲ့အနိုင်ပိုင်းပြီးတိုက်ခဲ့တဲ့ လျန့်နီစန်း
ကလဲစုန့်ဆုရီနဲ့တွေ့မှ ဟင်းချက်ပေးရတာနဲ့ နေကြာ
စေ့ခွာပေးရတာနဲ့ ထမင်းခွံကျွေးရတာနဲ့သောက်
လုံးတွေကိုနောက်နေရော.....

" အား...... !! "

" မိဖုရား...မယ်မယ်..အား...နည်းနည်းစိုက်ပါဦး..."

" လူယုတ်မာ နှာဘူးကောင် အဲ့တာဒင်းကြောင့်
ငါဒီလိုဖြစ်နေရတာ...အား.... !!! ."

ငှက်ဆိုးထိုးသံထက်နားဝင်ဆိုးတဲ့ အထဲက ရှောင်း
ကျန့်ရဲ့အော်သံကြောင့်ဆုရီ နားကိုလက်နဲ့ပိတ်
ထားရသည် ။

" တစ်ကယ်ထဲ ကလေးမွေးတာ သူ့ယောကျာ်းလင်
ငယ်နေသလိုပဲ အဲ့လောက်အော်ရလား ဝေ့...အထဲက တစ်ယောက်ယောက်လောက် သူ့ပါးစပ်ကိုအ
ဝတ်ဆို့ထားစမ်း.. "

" ဟ ကလေး ဒီတစ်လုတ်ကုန်အောင်စား "

လျန့်နီစန်းခွံကျွေးလာတဲ့ ထမင်းကြောင့် ပြောချင်
နေတဲ့စကားတွေကိုပြန်မြိုချပြီး အစားအသောက်ကို
အာရုံစိုက်လိုက်ရသည် ။

ငါ့ နီနီပဲကောင်းတယ် ငါ့ကိုဘာမှလဲမဘာမှဘူး
ကလေးလဲ မမွေးရဘူး အေးဆေးပဲ....

Bunny Empress ( Completed)Where stories live. Discover now