Chapter 11

17.7K 1.8K 30
                                    

11

" အင်း.....ကျွတ်စ် .....ကျွတ်စ်..."
ခေါင်းတစ်ခုလုံးတူနဲ့အထုခံရသလိုမျိုးထုံကျင်
နေသောကြောင့်နားထင်ကိုလက်နဲ့ဖိထားလိုက်
ရင်းကျန်လက်တစ်ဖက်ဆီကနွေးနွေးအိအိလေးနဲ့
တင်းတင်းကျပ်ကျပ်အကိုင်ခံထားရသဖြင့်ကြည့်
လိုက်တော့ မိဖုရားခေါင်အသစ်စက်စက်ငမွှေထိုး
လေး

ကုတင်အောက်ကနေသူ့ရဲ့လက်တစ်ဖက်လေး
ကိုကိုင်ပြီးအိပ်နေသည်။

တခြမ်းစောင်းအိပ်နေသောကြောင့်နှုတ်ခမ်း
လေးကအနည်းငယ်ဆူထွက်ပြီးရဲနေသည်။

ပါးဖောင်းဖောင်းလေးနဲ့မျက်လွှာချထားသဖြင့်
ရှာ်လျားပြီးကော့ညွှတ်နေသောမျက်တောင်များ
ကိုတွေ့ရသည်။

ဒီတိုင်းလေးပဲအိပ်နေပါလားကွာမင်းနိုးလာရင်ငါ့
ခမျာသွေးတက်တော့မှာ

နန်းတော်ထဲရောက်တာတစ်လမပြည့်သေးဘူး
စားဖိုဆောင်ကမီးလောင်သွားပြီ

တနှစ်လောက်သာဆိုရင်ငါ့နန်းတော်ကိုနေရာရွှေ့
ပြီးဆောက်ရမဲ့ကိန်း

" ရှောင်းကျန့်....ရှောင်းကျန့်...ထ.. ထစမ်း..."

ဂိမ်းဆော့နေတုံးတစ်ယောက်ယောက်ကပုခုံးကို
လာလှုပ်ပြီးခေါ်နေသဖြင့်ရန်ထတွေ့မယ်အလုပ်
သလွန်ပေါ်ကနေမျက်ထောင့်နီကြီးနဲ့စိုက်ကြည့်
နေသောသူကြောင့်လက်ရှိအခြေအနေကိုသတိ
ရသွားတယ်

" အဟီး.....ဝမ်ကိုကိုလေး သတိရလာပြီလားဟင်
   အိုက်ယား ဝမ်ကိုကိုလေးကအသည်းနုတယ်နော်
   ဒီလိုလေးခေါ်တာကိုမေ့လဲသွားတယ် ခ်ခ်.... "

" နေပါဦး ဘာကိစ္စကြောင့်ငါကမေ့လဲရမှာလဲ "

" ဟင် ဝမ်ကိုကိုလေးလို့ခေါ်လိုက်လို့ရင်ထဲထိသွား
  ပြီးမေ့လဲသွားတာမဟုတ်ဘူးလားဟင် "

Ageyo တွေထုတ်ပြပြီးမျက်တောင်လေးတွေ
ကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြတော့ ဝမ်ကိုကိုလေး
ရဲ့နားရွက်တွေကနီရဲလာသည်။

အားဟ ရှောင်းကျန့်ပါ အိမ်မှာမုန့်ဖိုးမရရင်အဲ့လို
လုပ်ပြီးတောင်းနေကြငါရဲ့ ချစ်စရာကောင်းမှုတစ်
သိန်းမှာကြွေကြစမ်း  !!!.....

Bunny Empress ( Completed)Where stories live. Discover now