Chapter 6

18.1K 1.9K 44
                                    

အမဲလိုက်ပြိုင်ပွဲ.....

ဧကနှစ်ရာလောက်ကျယ်ဝန်းသောတောကြီး.
ထဲတွင် ဘုရင့်ဆွေတော်မျိုးတော်များနဲ့အတူ
ကြင်ယာတော်ရောကိုယ်လုပ်တော်ပါမကျန်
အမဲလိုက်ရာတွင်ပါဝင်ပြီးဆော့ကစားခွင့်ရှိ
သည် ။

အိမ်တော်ရဲ့သခင်မလေးအများစုကလဲသူ့
ထက်ငါအပြိုင်လှအောင်ပြင်ကြပြီးမင်းသားများနဲ့
ဘုရင်မျက်စိကျစေရန်အလို့ငှါဝတ်ကောင်းစားလှ
နဲ့မျက်နှာချေများလူးကြပြီး အဲ့ဒီ့ပွဲကိုတက်ရောက်ကြ
သည် ။

ရှောင်းကျန့်တို့ခေတ်အရစကားနဲ့ဆိုရင်တော့လင်
လာရှာတာဖြစ်ပြီးသူတို့ခေတ်စကားနဲ့ဆိုရင်တော့
ကြာပစ်ကြတာပေါ့ ။

သစ်တောအစပ်နားတွင်ယာယီတဲများကိုထိုးကာ
ပတ်ပတ်လည်တွင်တော့ခြံစည်းရိုးခတ်ထားကြ
သည် ။အမဲလိုက်ပြိုင်ပွဲတွင် အကောင်အများဆုံးနဲ့
တောကောင်အကြီးကိုဖမ်းနိုင်တဲ့သူကအနိုင်ရပြီး
ဆုလာဘ်များကိုပိုင်ဆိုင်ခွင့်ရသည်။အဲ့တာအပြင်
ကိုထိုရရှိလာသောတောကောင်များကိုမိမိသဘော
ကျနှစ်သက်သူအားပေးပြီးထိုသူကလက်ခံလျင်စေ့စပ်
ကြောင်းလမ်းတဲ့အဓိပ္ပါယ်ကိုသက်ရောက်စေသည်။

"သား...ကျန့်အာ အရှင့်ကိုသွားနှုတ်ဆက်လိုက်
  ဦး မကြာခင်လက်ထပ်ရမှာလေ "

ရှောင်းကျန့်ခေါင်းကိုငုံ့ထားသော်လဲမျက်ရည်
တွေကဝဲနေသည်။

သူသည် အရှင်ဆိုသောသူကိုသဘောမကျပါ
ဖြစ်ချင်တော့သူ့ချစ်သူ တတိယမင်းသား က
တခြားတိုင်းပြည်ကအိမ်ရှေ့စံမင်းသမီးနဲ့လက်ထပ်
သွားသောကြောင့် ဝမ်းနည်းနေသောကာလဖြစ်
သည်။

" နောက်မှပဲတွေ့လိုက်ပါ့မယ် ဖေဖေ အခုကျွန်တော်
  လေညှင်းခံပါရစေ"

စစ်သေနာပတိချုပ်ကခေါင်းငြိမ့်ပြပြီးကျန့်အာရဲ့
ခေါင်းလေးကိုပုတ်လိုက်သည်။

အထဲမှာနေရတာမွန်းကြပ်သောကြောင့်ကျန့်အာ
ချောင်းအသေးလေးရှိရာဘက်သို့ထွက်ခဲ့သည်။

အရူးဘုရင်လစ်တုံးရှောင်းကျန့် တဲထဲကထွက်ကာ
ရေသံကြားသောနေရာသို့ထွက်လာခဲ့သည်။

Bunny Empress ( Completed)Where stories live. Discover now