27
" အမ်... ဆုရီ နင့်ကိုအပြစ်ပေးထားတာစာကြည့်
ဆောင်မှာလေ ဘာလို့ အရှင့်ရဲ့အိပ်ဆောင်
ရှေ့မှာ ဒူးလာထောက်နေရတာလဲ "ဒူးထောက်ကာပန်းအိုးကြီးခေါင်းပေါ်ရွက်ပြီး
နားတစ်ဖက်ကိုတံခါးနဲ့ကပ်ထားသည့်ညီမ
ဖြစ်သူကိုကျိရန် ထူးဆန်းစွာကြည့်မိသည်။" မစားရပေမဲ့လဲ အနံ့လေးတော့ခံချင်တာပေါ့လို့"
" ဟမ် ဘာစကားကြီးလဲ "
" အိုက်ယား...ကိုကို ဒီနားကိုမလာနဲ့တော့ ပြောပြ
ရင်လဲနွားကိုပလာတာကျွေးသလိုပဲဖြစ်နေမှာ "ညီမဖြစ်သူရဲ့စကားကြောင့်ကျိရန်အူကြောင်ကြောင်
လေးဖြစ်သွားပြီးထိုနေရာကနေထွက်သွားသည်။ဆုရီကတော့ မမြင်ရလဲအသံကြားရရုံနဲ့တင်ကျေနပ်
တယ်ဆိုသောအသိနဲ့သာဖြေသိပ်ပြီးအထဲက
အသံတွေကိုပြန်နားထောင်လိုက်သည်။_______________________
" အရှင် အန်းဖင်းမြို့မှာ လူတွေပျောက်နေတယ်
အခုတိုင်စာတွေကမြို့တော်အထိတက်လာပါပြီ"ရာဇဝတ်ရေးရာအမတ်ရဲ့စကားကြောင့်ရိပေါ်
မျက်လုံးမှိတ်ထားရာမှဖွင့်လိုက်သည်။အန်းဖင်းဆိုတဲ့မြို့က မြို့ဆိုသော်လဲ သူ့စည်ကား
မှုကနန်းမြို့ထက်သာတယ်။အဲ့ဒီ့မြို့ကစီးပွားရေးအချက်အချာကျတာကြောင့်.
ကုန်သည်သမားတွေတော်တော်များဝင်တဲ့အတွက်
လုံခြုံရေးကလဲစိုးရိမ်စရာမရှိ။အဲ့တာကြောင့်သူကအန်းဖင်းမြို့ကိုဒီတိုင်းထား
ပြီးသေချာမကြီးမကျပ်ခဲ့တာအခုမှဒီပြသနာက
ထထက်ပါလေရော။( သောက်ကျိုးနဲငါ့လက်ထပ်ကျမှပဲဖြစ်လိုက်တဲ့ပြသ
နာတွေ ဂတုံးတုံးပြီးဘုန်းကြီးဝတ်လိုက်ရင်ကောင်း
မလား )" အဲ့ဒီ့ကိုအထူးတပ်ဖွဲ့တွေလွှတ်လိုက် သေချာလေ့
ကျင့်ပေးထားတဲ့စုံထောက်တွေပါထည့်ပေးလိုက်ပါ"" ဟုတ်ကဲ့အရှင် "
ညီလာခံသိမ်းတော့ရိပေါ်ဟောက်ရွှမ်းကိုအခေါ်.
လွတ်ကာသူ့နန်းဆောင်ကိုလာခိုင်းရတယ်။
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "