Chapter 16

16.9K 1.6K 16
                                    

16

" ဝမ်ကိုကိုလေး ဘာလို့ကျန့်ကျန့်ကိုပစ်ချလိုက်ရ
တာလဲ "

" ဘာလဲငါက ပစ်မချလို့မင်းကိုတစ်သက်လုံးပွေ့ထား
ရမှာလား "

" အာ...ယောကျာ်းကလဲ သဲတုန်းလေးကိုနည်းနည်း
ပါးပါး ကြင်ကြင်နာနာဆက်ဆံမယ်မရှိဘူး "

ပစ်ချလိုက်တဲ့အတိုင်းမထသေးပဲမြေကြီးကို
မွေ့ယာထင်ပြီးခြေချိတ်ထိုင်နေသောရှောင်းကျန့်
ရဲ့မေးဖျားလေးကိုလက်နဲ့မတင်ပြီး

" စကားတအားများတာပဲ အကောင်ပေါက် စကား
များတဲ့သူတွေဆိုဘယ်လိုအပြစ်ပေးလဲသိချင်လား"

မျက်လုံးလေးပြူးကာသူပြောသမျကိုနားထောင်နေ
တဲ့ယုန်ပေါက်ကိုအသဲယားလာပြီးမုဆိုးဒူးထောက်
ထိုင်ကာ မျက်နှာအနားကိုတိုးသွားလိုက်သည်။

ရှောင်ကျန့်ရဲ့ဝင်သက်ထွက်သက်နွေးနွေးလေးက
သူ့ရဲ့နှာသီးဝလေးကိုကျီစယ်နေသည်။

" ပြွတ်စ်... !! "

နှုတ်ခမ်းပေါ်ကစိုစွတ်စွတ်နဲ့နူးအိပြီးနွေးထွေး
တဲ့အသိကြောင့်ရှောင်းကျန့်မျက်လုံးလေးကအရင်
ကထက်နှစ်ဆပြူးလာသည်။

( သူ...သူ...သူငါ့ကိုအခုနမ်းနေတာလား )

အကြမ်းပတမ်းမဟုတ်ပဲ တလှည့်စီ နှုတ်ခမ်းပါး
တွေကိုအနမ်းခြွေနေတဲ့ ဘုရင်ကြောင့်ရှောင်းကျန့်
ရဲ့နှလုံးခုန်သံတွေကမူမမှန်ချင်တော့ပေ

စက္ကန့်သုံးဆယ်လောက်အကြာမှာ ရှေ့ကလူကို
ချက်ချင်းပင် တွန်းထုတ်လိုက်ပြီး အရူးဘုရင်ရဲ့
ရှေ့ကနေထကာအမြန်ပြေးသွားသည်။

ခုန်နေသောရင်ဘက်ကိုလဲအသဲအသန်ဖိထား
ပြီးငြိမ်သက်စေဖို့အချိန်အတော်ယူရသည်။

" မိန်စု...မိန်စု....ရေနွေးယူခဲ့စမ်း "

ဇာမဏီနန်းဆောင်ကိုရောက်သည်အထိ
ရှောင်းကျန့်အမောမပြေသေးပဲ ရိပေါ်နမ်းလိုက်
တဲ့နှုတ်ခမ်းကိုကိုင်ကာနေသည်။

ငြိမ်သက်နေပြီးနှုတ်ခမ်းကိုကိုင်လိုက်သွားချွန်တွေ
နဲ့ကိုက်လိုက်ပြီးရင်သူ့ခေါင်းကိုသူပြန်ထုလိုက်
လုပ်နေသောမိဖုရားကိုကြည့်ကာ မိန်စုခေါင်း
ခါသည်။

Bunny Empress ( Completed)Where stories live. Discover now