Chapter 35

15.4K 1.3K 56
                                    

41+42
" မင်းသမီးလေး ကျွန်တော်မင်းသမီး​လေးဆီက
အကူအညီတစ်ချို့လိုချင်လို့ "

လည်ပင်းကိုမီးပွင့်မတပ်ပွတ်ကာ ရှက်နေတဲ့ပုံစံ
လေးနဲ့ပြောလာသောဟောက်ရွှမ်းကြောင့်ဆုရီ
မျက်လုံးလေးပြူးသွားသည် ။

ဆုရီလဲဆရာမကြီးပုံစံနဲ့ ရေနွေးကိုသောက်ကာဒူး
ချိတ်ပြီးထိုင်နေသည် ။

" အဟမ်း...ပြောလေ တတ်နို်င်တာရှိရင်ကူညီပေး
ရမှာပေါ့ "

" အဟီး .ကျွန်တော်လေ မင်းသမီးရဲ့အစ်ကိုကို
သဘောကျလို့ အဟိ..."

အင်္ကျီစကိုပွတ်ချေကာခန္ဓာကိုယ်ကိုရမ်းခါနေသော
ဟောက်ရွှမ်းကိုကြည့်ပြီးမျက်စိနောက်လာသည် ။

" အိုက်ယား...ငြိမ်ငြိမ်နေစမ်းပါ ကိုယ်ရံတော်
ဟောက်ရွှမ်းရယ် ကျွန်မကူညီ ပေးပါ့မယ်ညကျရင်
သာ အစ်ကိုတော်ကိုဥယျာဉ်ဘက်ကိုသာ ခေါ်လာ
ခဲ့ "

" ကျေးဇူးတင်ပါတယ် မင်းသမီးဆုရီ "

နွားပြာကြီးကောက်ရိုးစားရသလိုမျက်နှာဘေးနဲ့
ဟောက်ရွှမ်းကထိုနေရာကနေထွက်သွားသည် ။

" ဟိုပိစိ ဒီကိုခဏ..."

ဘေးနားမှာရပ်နေတဲ့ အပျို တော်တစ်ယောက်ကို
ခေါ်ကာရှုံအိတ်ထဲက သူဖုန်းစားလုပ်တုံးကရခဲ့တဲ့
ငွေတချို့ကိုပေးလိုက်သည် ။

" သွားဈေးထဲမှာ မြွေအရှင်နဲ့တူတဲ့အရုပ်နှစ်ခုသွား
ဝယ်ခဲ့ ရုတ်တရက်ကြည့်ရင်မြွေနဲ့တူတဲ့ဟာနော်"

" ဟုတ်ကဲ့ မင်းသမီး "

" သွားမြန်မြန်သွားမြန်မြန်လာ "

အစေခံမလေးထွက်သွားတော့မှခုံပေါ်ကနေထခုန်
ကာ....

" အဟေးအဟေး...ငါ့အကိုယောကျာ်းရတော့မယ်
ငါ့အကိုယောကျာ်းရတော့မယ် အဟိ..."

" ကလေး...ပြုတ်ကျမယ်လေ "

စုန့်ဆုရီရဲ့နေသာပြီးပျော်ရွှင်ဖို့ကောင်းတဲ့နေ့ရက်
လေးတွေဟာ လျန့်နီစန်းရဲ့ကလေးဆိုတဲ့ခေါ်သံကြီး
အောက်မှာကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရ
သည် ။

__________________________

" လာ အချစ်..ဖြေးဖြေးလျှောက် "

Bunny Empress ( Completed)Where stories live. Discover now