chapter 34

15.4K 1.3K 26
                                    

39+40

Bunny 39

တကိုယ်လုံးကပေါ့ပါးနေပြီးသူ့အရမ်းကိုလွတ်လပ်
နေသလိုခံစားရတယ်။

အဲ့တာအပြင်ကိုသူအခုရောက်နေတဲ့နေရာကဘာ
သံမှမကြားရပဲအရမ်းကိုတိတ်ဆိတ်လွန်းတယ် ။

သူမျက်လုံးတွေဖွင့်ကြည့်လိုက်တော့ အဖြူ ရောင်
လွင်ပြင်ကြီးထဲရောက်နေတာကိုသိလိုက်ရသည် ။

" ပြန်လည်ကြိုဆိုပါတယ် ဧကရီ "

" ဟမ်.... !! "

အသံလာရာနေရာကိုကြည့်လိုက်တော့ရှောင်းကျန့်
မျက်လုံးအပြူးသားဖြစ်သွားတယ် ။

ပြူးဆိုသူ့ရှေ့ကလူကသူနဲ့လုံးဝတစ်ထေရာထဲတူ
နေတဲ့သူဖြစ်နေတယ်။

" မင်း...မင်းက..."

" ကျွန်တော်ကအရင်ခန္ဓာကိုယ်ပိုင်ရှင် ရှောင်းကျန့်
ပါ "

" ဘယ်လိုဖြစ်ပြီး "

သူ့ရှေ့ကကောင်လေးကိုကြည့်ကာရှောင်းကျန့်အံ့
သြနေရတယ် ။

" အခုခဗျား မှာရွှေးချယ်စရာရှိတယ် ဟိုကိုပြန်မလား
ဒီမှာပဲဆက်နေမလားဆိုတာ "

တစ်ဖက်ကကောင်လေးကတည်ငြိမ်စွာပြောနေပေ
မဲ့သူ့နှလုံးသားကတော့လုံးဝမတည်ငြိမ်ဘူးဆိုတာ
ကိုအေးစက်နေတဲ့လက်တွေကသက်သေပြနေတယ်

" ငါ...ဟိုကိုပြန်သွားရင်ဘယ်လိုဖြစ်မှာလဲ "

" အဲ့ကျရင်တော့ကျွန်တော်က မိဖုရားနေရာမှာရှိနေ
ပြီး ခဗျားကတော့ခဗျားအိမ်ပြန်ရောက်မှာပေါ့ "

" အကယ်လို့ငါကအိမ်မပြန်ခဲ့ရင်ရော မင်း....မင်းက
ဘယ်လိုဖြစ်သွားမှာလဲ "

တစ်ဖက်ကကောင်လေးကရီကာ.....

" မပြောတတ်ဘူး ကံစီမံရာပေါ့ "

တစ်ဖက်ကနွေးထွေးမှုမရှိတဲ့မိသားစု တစ်ဖက်က
အချစ်တွေပေးတဲ့ ရိပေါ် ပြီးတော့ ဆုရီ သူတို့ကသူ့
ကိုစောင့်နေမှာ

ဒါပေမဲ့လဲတစ်ဖက်မှာတော့နောင်တတွေတပွေ့တ
ပိုက်ရနေမဲ့မိသားစု သူဘာကိုရွေးရမှာလဲ....

ဘယ်လောက်ပဲ ဥပေက္ခာပြုထားပြုထား တစ်ဖက်က
မိဘတွေလေ အခုလောက်ဆိုရင်တော့သူတို့အမှား
ကိုသူတို့သိပြီး သူ့ကိုနွေးထွေးစွာနဲ့စောင့်နေမယ်မ
လား.....

Bunny Empress ( Completed)Where stories live. Discover now