Chapter 36

15.4K 1.3K 31
                                    

43 + 44

ညနေစောင်းသောအခါစားတော်ပွဲအတွက်အစေခံ
တွေအကုန်လုံးကအလှုပ်ရှုပ်နေကြသည် ။

မီးပုံးတွေကိုနန်းတော်အနှံ့ဆင်ထားပြီး ပန်းတွေနဲ့
စားပွဲတွေကိုလဲ ကျင်းပမဲ့နေရာကိုရွှေ့နေကြသည်။

ရိပေါ်လဲ ကိုယ့်အချစ် ဗိုက်ကလေးနဲ့အတူပွဲတက်ဖို့
အတွက် သွားကြိုရသည် ။

နှစ်ယောက်လုံးကအဖြူ ပေါ်မှာ အပြာရောင်ပိုးကြိုး
တွေနဲ့ကနုတ်ပန်းပုံဖော်ထားတဲ့ဝတ်စုံကိုဝတ်ဆင်
ထားကြသည် ။

ရိပေါ်ကဆံပင်တွေကိုကျောပြင်ပေါ်ချထားပြီးနား
သယ်စပ်နားကဆံပင်တစ်ချို့ကိုအရှေ့ချကာနဖူး
စည်းကိုစည်းထားသည် ။

အချစ်ကတော့ ဆံပင်တွေကိုအပေါ်ကိုမြှောက်စည်း
ထားပြီးနဖူးနားကဆံပင်အနည်းငယ်ကိုသာအရှေ့ချ
ထားသည် ။

ရိပေါ်ရဲ့လက်တစ်ဖက်ကအချစ်ရဲ့ပုခုံးကိုဖက်ထား
ပြီးကျန်တဲ့လက်တစ်ဖက်ကတော့လုံးဝန်းကာဆူ
ထွက်နေတဲ့ ဗိုက်လေးကိုအသာထိန်းကိုင်ပေးထား
သည် ။

အချစ်ရဲ့ခြေဖဝါးတွေအအေးမိမှာစိုးသောကြောင့်
လာတဲ့လမ်းတစ်လျှောက်မှာလဲ အနီရောင် သား
မွှေးကောဇော ကိုစားတော်ပွဲအထိ ခင်းထားသည် ။

" ဖြည်းဖြည်းလျောက်အချစ် "

သူတို့နှစ်ယောက်ဝင်လာတော့လူတိုင်းရဲ့မျက်လုံး
တွေကသူတို့ဆီမှာသာ...

တစ်ချို့ကအားကျသောမျက်လုံးတွေနဲ့ကြည့်ကြပေ
မဲ့ တစ်ချို့ကတော့ မနာလိုသော အကြည့်တွေနဲ့
ကြည့်ကြသည် ။

ရိပေါ်ကတော့ ဘာကိုမှဂရုမစိုက်ပဲ အချစ်ကိုပဲရင်
ခွင်ထဲထည့်ထားမတတ်ဖက်ကာ ထိုင်ရမဲ့နေရာကို
ဦးဆောင်ကာခေါ်သွားသည် ။

" ခဏအချစ် "

အောက်အခင်းကအေးနေသောကြောင့်အိစက်ပြီး
နွေးထွေးတဲ့အခင်းတစ်ခုကိုအသင့်ယူလာပြီးအချစ်
ထိုင်မဲ့နေရာမှာ ခင်းပေးလိုက်သည် ။

အေးစက်နေတဲ့အချစ်ရဲ့ခြေထောက်တွေကိုသူ့
ဘက်ဆွဲယူကာ ပေါင်ပေါ်တင်ပြီး လက်ဖဝါးနှစ်
ဖက်နဲ့ပွတ်တိုက်ပေးနေသည် ။

Bunny Empress ( Completed)Where stories live. Discover now