Chapter 31

15.2K 1.3K 101
                                    

33+ 34
မြို့စားမင်းရဲ့အိမ်ကိုပြန်ရောက်သောအခါဟုန်လီက
အပြုံးလေးနဲ့ကြိုဆိုသည်။

" အရှင်တို့ပြန်လာကြပြီလား ဒီနှစ်ရက်ကိုဘယ်တွေ
သွားနေကြတာလဲ ကျွန်တော့ကိုတောင်မပြောသွား
ဘူး "

နှုတ်လမ်းလေးဆူကာရိပေါ်ရဲ့လက်ကိုလှုပ်ရမ်းပြီး
ချွဲနေတဲ့ဟုန်လီကချစ်စရာလေးဆိုပေမဲ့ ဆုရီ ရဲ့အ
မြင်မှာတော့ ဘီလူးမသုံပုရာသီးကိုက်ထားသလိုပင်

အသားကဖြူ စုတ်နေတာ ဖုတ်ကောင်အတိုင်းပဲ
ပြီးတော့ဝတ်ထားတာကြီးကမိန်းမဆန်လွန်းတယ်
ပန်းရောင်ကြီးနဲ့လမ်းလျောက်တာကအစတွန့်လိမ်
နေတာသူ့မျက်လုံးထဲမှာကြည့်ရတာလုံးဝကိုအဆင်
မပြေ

စကားပြောတဲ့အသံကလဲ ကြက်ဆူဆီထက်တောင်
ချွဲပစ်နေသေး

" သူ့ယောကျာ်းနဲ့သူ အပြာရောင်ညကိုဖြတ်ကျော်နေ
တာလေ အဲ့ဒါကိုနင့်ကို သံတော်ဦးတင်နေရဦးမှာ
လား "

စိတ်ပေါက်ပေါက်နဲ့ပြောချလိုက်တဲ့ဆုရီရဲ့စကား
ကြောင့်ရှောင်းကျန့်မျက်နှာကြီးအနီရောင်သန်းသွား
သည်။

( မသာမ ငါ့ကိုရောင်းစားရတာအားမရလို့စောက်ရှက်တွေပါလာခွဲနေတယ်...)

" အယ်...ဟို...ဟို.."

မင်းသမီးစုန့်ရဲ့စကားကြောင့်ဟုန်လီရဲ့ပြောစရာစ
ကားများပျောက်သွားပြီးတစ်ဖက်ကရှောင်းကျန့်ကို
ခပ်စူးစူးကြည့်လိုက်သည်။

" အာ...ထားပါတော့လေ ထမင်းတူတူစားကြမယ်လေနော်..အရှင်...အရှင့်အတွက် ကျွန်တော်ကိုယ်တိုင်ချက်ပေးထားတာ.."

" မလိုဘူး အပြင်မှာစားလာခဲ့တယ် "

ရိပေါ်...ရှောင်းကျန့်ရဲ့ခါးလေးကိုဆွဲဖက်ကာပါးလေး
ကိုနမ်းလိုက်ပြီး

" ဟောက်ရွှမ်း..ဆုရီကိုခေါ်ပြီးအခန်းထဲလိုက်ခဲ့တိုင်
ပင်စရာရှိလို့ "

ပါးကိုနမ်းလိုက်သောကြောင့်ရှက်နေသောကောင်
လေးကိုပွေ့ချီကာအခန်းထဲကိုဝင်လာခဲ့သည်။

ရှောင်းကျန့်ကတော့ရှက်တာကြောင့်ရိပေါ်ရဲ့ရင်
ခွင်ထဲခေါင်းလေးဖွက်ကာငြိမ်ငြိမ်လေးနဲ့လိုက်ပါသွား
သည်.။

Bunny Empress ( Completed)Where stories live. Discover now