တိမ်ကင်းစင်ပြီး သာယာလွန်းလှတဲ့ နေ့လေးတစ်နေ့မှာ အများပြည်သူများ လာရောက် အပန်းဖြေကြတဲ့ ဥယျာဉ်ကြီးထဲတွင်တော့ အသက်အရွယ်စုံလင်လှစွာ သွားလာလှုပ်ရှား သက်ဝင်နေပါတော့သည်။
"Gun...မပြေးနဲ့လေ"
ကျောထိ ဝဲဖြာနေတဲ့ ဆံနွယ်တို့ကို တစ်ဝက်တိတိယူကာ လက်ကိုင်ပုဝါဖြင့် စည်းနှောင်ထားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် သူမ၏အရှေ့မှ ပြေးနေသော (၈)နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ပူပန်စိတ်ဖြင့် လှမ်းတားနေသည်။
"မေမေ ဟိုမှာ ဆင်သေးသေးလေး"
အရှေ့ကို ကြိုပြေးနှင့်နေသော သားငယ်လေးသည် မိမိနောက်နား လာရပ်နေသည့် မိဘနှစ်ပါးကို အပြုံး ခပ်ကြီးကြီးပေးပြီး သူစိတ်ဝင်စားရာကိုပါ ပြသလိုက်သေးသည်။
"ဆင်ကြီးတွေကို အစာကျွေးချင်လား Gun"
"အင်း အင်း"
ခေါင်းကို တစ်ကြိမ်ထက်ပိုပြီး ငြိတ်ပြလိုက်ကာ ဖခင်ဖြစ်သူ ဝယ်ပေးသော ကော်ခြင်းပိုင်းလေးကို ယူပြီး ကြံပိုင်းတွေကို ဆင်တို့၏ နှာမောင်းထဲ မမီမကမ်း လှမ်းပေးနေစဉ် Gunကိုယ်လုံးလေး လေထဲ မြင့်တက်သွားပါတော့သည်။
ဟုတ်ပါသည်။ ဖခင်ဖြစ်သူက နိမ့်လွန်းတဲ့ Gunကိုယ်လုံးကို လက်မောင်းဖြင့် သိုင်းချီကာ ပွေ့ဖက်ထားပြီး မိခင်ဖြစ်သူကတော့ သူမ၏ခင်ပွန်းနှင့် သားငယ်လေးကို မြတ်နိုးမဝစွာ ကြည့်နေလေသည်။
ထို့နောက်.....!
"မေမေ၊ ဖေဖေ မသွားပါနဲ့... Gunတစ်ယောက်တည်း မနေခဲ့ချင်ဘူး"
Gun၏ လေးပင်နေသော ခြေလှမ်းတွေက တစ်လှမ်းနှင့်တစ်လှမ်း မရွှေ့၍မရ ဖြစ်နေကာ မိဘနှစ်ပါးကလည်း နောက်မကြည့်စတမ်း ကျောခိုင်းကာ ထွက်ခွာသွားလေတော့သည်။
ပုံရိပ်တို့ တစ်ဖြေးဖြေး ဝေးလွန်းမက ဝေးသွားကာ နောက်ဆုံးတော့ လေဟာပြင်ကြီးသာ ကျန်ခဲ့တော့လေသည်။
####################
"မေမေ....ဖေဖေ!!!"
"သား သား... Gun လူလေး"
တစ်ကိုယ်လုံး တုန်ခါနေရင်း ရင်ဘတ် တစ်ခုလုံး နိမ့်ချည် မြင့်ချည်ဖြစ်ကာ အသက်ကို အလုအယက် ရှူရှိုက်ခြင်းဖြင့် Gun နိုးထလာခဲ့သည်။
YOU ARE READING
Mine (Completed)
FanfictionOffGun (Completed) Zawgyi & Unicode 18/11/2020 to 7/12/2020