ep_12

527 61 10
                                    

ကျိ ကျိ ကျလိ။ ကျိ ကျလိ ကျိ ကျိ။

ဆောင်းငှက်တွေရဲ့ အော်မြည်သံနှင့်အတူ နိုးထလာခဲ့တဲ့ မနက်ခင်း။ လက်မောင်းတစ်ဖက်တွင် ခပ်နွေးနွေး အတွေ့ကို ခံစားလိုက်ရတော့ ညက ကလေးကို စောင့်ရင်း ကျွန်တော်ပါ အိပ်ပျော်သွားမှန်း သိလိုက်ရသည်။ နှစ်ယောက်အိပ်မို့ ကျယ်ကျယ်ဝန်းဝန်း ရှိလှသည့် အိပ်ယာကြီးကြောင့် သက်တောင့်သက်သာ အိပ်ရသလို ဂွမ်းစောင်နွေးနွေးကြောင့် ညက နွေးနွေးထွေးထွေး အိပ်ပျော်သွားခဲ့ရသည်။

မနက်နိုးလာတော့ ရင်ခွင်ထဲ မျက်နှာအပ်ကာ အိပ်ပျော်နေသူ ကောင်ငယ်လေးရဲ့ ခါးသိမ်သိမ်ကို ကျွန်တော်လက်မောင်းတို့ဖြင့် တင်းတင်းပွေ့ထားသေးသည်။

"အာာာ!!!"

အကောင်ပေါက် မသိခင် ကိုယ်ကို အနည်းငယ်ခွာကာ လက်တို့ကို ဖယ်လိုက်ရင်း ထိုကလေးရဲ့ ကိုယ်အောက်ကလက်ကို အသာလေး ဆွဲထုတ်လိုက်လေသည်။ သို့ပေမဲ့ မည်သူက ထင်မတဲ့လဲ။ ထိုကောင်ငယ်လေးက လက်တို့ဖြင့် ကျွန်တော်ကိုယ်ကိုဖက်ကာ ကိုယ်လုံးကို အပေါ်သို့ရွေ့လာရင်း နှုတ်ခမ်းတို့က ကျွန်တော်လည်ပင်းဆီ။ ဝင်သက်ထွက်သက်တို့၏ ပူးနွေးနွေး သက်ရောက်မှုက ကျွန်တော်လည်တိုင်မှာ ပျော်မွေ့နေသည်။ ကျွန်တော် အကျင့်လေး နည်းနည်းပုတ်ပြီး တောင့်တောင့်ကြီး ဖြစ်နေတဲ့ ကျွန်တော်ရဲ့ခေါင်းကို ရှေ့တိုးလိုက်ရမလား၊ ကျွန်တော်ကို နမ်းမိသွားအောင်လို့လေ။ သို့ပေမဲ့ နောက်ဆုံးတော့လည်း ကျွန်တော်က တောင့်တောင့်ကြီး နေမြဲတိုင်းနေပြီး ထိုကလေးကတော့ ပျော်ပျော်ကြီး ကျွန်တော်ကို ဖက်လို့ အိပ်ပျော်နေလေသည်။

#########

Gunနိုးလာတော့ အိပ်ယာထဲ အကိုOffမရှိတော့ပေ။ ဒီလောက် တင်းတင်းဖက်ထားတာတောင် ဘယ်အချိန်က ထသွားသလဲ Gun မသိလိုက်။ ကားပြတင်းငယ်ကို ဖွင့်ထားလေတော့ မြူကွဲနေတဲ့မြင်ကွင်းနဲ့ နေပျောက်ထိုးနေတဲ့ သစ်ပင်အောက်ခြေတို့ကို လှမ်းမြင်နေရသည်။

တောင်ကုန်းထိပ်ကျကျကို Gunတို့က နေရာရထားတာမို့ လူအချို့ နေထွက်တာကို လာကြည့်နေကြသည်ကိုလည်း တွေ့နေရသည်။ ခပ်လှမ်းလှမ်းတွင် လမ်းလျှောက်နေကြတဲ့ Droneတို့ (၄)ယောက်ကို လှမ်းမြင်လိုက်သည်။

Mine (Completed) Where stories live. Discover now