ep_3

797 71 10
                                    

သစ်ပင်ကြီးတို့ အုံ့ဆိုင်းနေသည့် ခေတ်မီနှစ်ထပ်တိုက်လေးရှိရာရှေ့ အနက်ရောင် ကားတစ်စီး ညှင်သာစွာ ရပ်တန့်သွားသည်။

"သား ဖြေးဖြေးဆင်း"

"သား နေကောင်းပါတယ် မေမေရဲ့"

"ဟုတ်ပါတယ် မေ့သားလေးက အကျန်းမာဆုံးပဲ"

"ဟီး ဟီး"

မိမိကို ရယ်ပြကာ အိမ်ထဲသို့ အရင်ဦးအောင် ပြေးဝင်သွားလေသည်။

"မမကြီး ကျွန်တော် ဒီအထုပ်တွေ သွားထားလိုက်ပါ့မယ်"

"အင်း ကြီးကြီးကို လျှော်ရမယ့်အထုပ်နဲ့ သိမ်းရမယ့်ပစ္စည်းတွေ ပြပေးလိုက်၊ ကျွန်မနားချင်ပြီ"

"ဟုတ်ကဲ့"

ကားမောင်းသူလည်းဖြစ် Gunရဲ့ ကျောင်းပို့ကျောင်းကြို တာဝန်ကို ယူထားသည့် Doorသည် မိမိတို့ ဇနီးမောင်နှံ ကြင်စဦးကတည်းက အလုပ်လုပ်လာခဲ့သည်မှာ နှစ်(၂၀)နီးပါးပင် ရှိနေလေပြီ။

Doorက အိမ်မကြီးမှာ မနေဘဲ ကားဂိုဒေါင်၏ အထပ်ခိုးတွင် နေထိုင်လေသည်။

အိမ်ကြီးပေါ်တွင် ကျွန်မတို့ မိသားစု(၃)ယောက်နှင့် အိမ်ထိန်းသိမ်းရေး တာဝန်ယူထားသော ကြီးကြီး Roseနှင့် အကူကောင်မလေး Jasmineတို့ နေထိုင်ကြသည်။

"ဒေါက် ဒေါက် ဒေါက်...မမကြီး"

"ဝင်ခဲ့"

"Jasmine သံပုရာရည် လာပို့တာပါ မမကြီး၊ ဘာခိုင်းအုံးမလဲဟင်"

"မလိုတော့ဘူး... Gunလေးကိုသာ သွားကြည့်ပေးပါအုံး၊ ညနေ သူငယ်ချင်းတွေ လာမယ်ပြောတယ် ကလေးအဆင်ပြေအောင် ဂရုစိုက်လိုက်ပါအုံး"

"စိတ်ချပါ မမကြီး"

ချပ်!!! တံခါးကို အသာပိတ်ပြီး အခန်းထဲမှ Jesmineထွက်လာခဲ့လိုက်သည်။

###############

"Gunရေ ငါတို့လာတယ်ဟေ့"

အိမ်အောက်ထပ်မှ အသံပြဲကြီးနှင့် အော်လိုက်သူကတော့ ငယ်ငယ်ကတည်းက အတန်းထဲ ဘေးချင်းကပ်ထိုင်ပြီး ရင်းနီးလာတဲ့ Drone။ Droneနှင့်အတူ Pencilရယ် Beautyရယ် အတူပါလာသည်။

"အကိုလေးက အိမ်အပေါ်ထပ်က အခန်းထဲမှာပါရှင့်"

အိမ်တံခါးမကြီး လာဖွင့်ပေးတဲ့ Jasmineက ဖြေလေသည်။

Mine (Completed) Where stories live. Discover now