ep_10

561 53 15
                                    

"Gun...Gun"

"ဒီကလေး ဘယ်ရောက်နေတာလည်း မသိဘူး"

"ကျွန်တော် ခြံထဲ သွားကြည့်လိုက်မယ် အန်တီ"

"ဒါဆို သားOffတို့ အတွက် စတော်ဘယ်ရီဖျော်ရည်လေး သွားလုပ်လိုက်မယ်၊ မနေ့က သားတို့ကြီးကြီး Roseက အသီးခြံဘက်ရောက်တုန်း ဝယ်လာခဲ့တယ်တဲ့"

"ဟုတ်ကဲ့ အန်တီ"

Gunကို အပေါ်ထပ်အခန်းထဲ မတွေ့သည့်အခိုက် Offသည် အောက်ထပ်ကို ဆင်းကာ ရှာလိုက်သည်။ နေ့လည်ခင်း တရေးတမော အိပ်နေသည်ဟု ထင်လိုက်ပေမဲ့ အခန်းထဲ ရှိမနေခဲ့ပေ။

အောက်ထပ်ရောက်တော့ နားနေခန်း၊ ဧည့်ခန်းနှင့် ထမင်းစားခန်းမကျန် လိုက်ရှာလိုက်သည်။ ဘယ်မှာမှ မတွေ့တာမို့ ခြံအနောက်က Garden အသေးစားလေးထဲ ရောက်နေပြန်တာဖြစ်မည်မို့ အန်တီကိုပြောကာ ခြံထဲ ဆင်းလာလိုက်သည်။

"Gun... ညီရေ..."

"Gun...Gun....!!!"

ဘယ်သူက ထင်မတဲ့လဲ။ အဲ့ဒီနေ့က သစ်ပင်တွေ ပန်းပင်တွေကြား ပျော်ရွှင်နေမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော် မျှော်လင့်ခဲ့ပေမယ့် အဲ့ဒီအစား Gardenလေးထဲမှာ မှောက်ရက်လဲနေသည့် Gunကိုသာ တွေ့ခဲ့ရသည်။

ထိုကလေးအတွက် ဒုတိယအကြိမ် ပစ်လဲခြင်း ဖြစ်သလို ကျွန်တော်အတွက်လည်း စိုးရိမ်မှုဒီရေတက်ရက်ပေါ့။

##############

"အကိုOff... အကို့ရည်မှန်းချက်က ဘာလဲ"

ဆေးပိုက်တွေ တွယ်ချိတ်ထားတဲ့ ထိုကလေးငယ်က ကျွန်တော်ကို မေးခဲ့သည်။

"Gunရော ရည်မှန်းချက်က ဘာလဲ"

ခပ်ယဲ့ယဲ့ အပြုံးလေးကို နှုတ်ခမ်းထပ် ချိတ်ဆွဲရင်း Gunက ဖြေလေသည်။

"Gunက အရွယ်ရောက်ရင် ဘာဖြစ်ချင်တယ်လို့တောင် မစဉ်းစားရသေးဘူး၊ ဒါပေမဲ့..... "

"မဟုတ်တာ၊ ညီရာ... Gunဖြစ်ချင်တာ အကုန် ဖြည့်ဆည်းပေးမယ့် Gun မိဘတွေရှိသလို၊ ကိုယ်လည်းရှိတယ်လေ"

Gunကို ဆိုးဝါးလှတဲ့ အတွေးတွေ မဝင်စေချင်တာမို့ Gun စကားမဆုံးခင်မှာဘဲ စကားကိုဖြတ်လိုက်ရသည်။

Mine (Completed) Where stories live. Discover now