The end

1.1K 93 56
                                    

ပြတ်ပြတ်သားသား ကျွန်တော် ငြင်းလိုက်ပေမဲ့ ရင်းနီးလှစွာသော အသံငယ်လေးက ထွက်ပေါ်လို့ လာပါသည်။

"သွား...လိုက်...ပါ"

"ဟင်....Gun"

Gunနဲ့အတူ ဦးနဲ့အန်တီရော Sunပါ အခန်းထဲ ရောက်ရှိလာသည်။

"ကျွန်တော်ကို ယုံတယ်မှတ်လား၊ အကိုOffသာ ဒီလိုဖြစ်နေရင် Gunက ကိုယ့်ကိုယ်ကို ပျော့ညံ့တယ်လို့ ခံစားနေရတယ်"

"ဟင့်အင်း....ကိုယ်...ကိုယ်"

Offသည် အနားတွင် လာရပ်သည့် Gun၏ခါးကို ထိုင်နေရင်း တင်းကြပ်စွာ ဖက်ထားလိုက်သည်။ အခန်းထဲက ဆရာဝန်ကြီးနဲ့ လူကြီးတွေကတော့ Offတို့နှစ်ယောက်ကို ထားခဲ့ကာ အပြင်ရှောင်ထွက်သွားလေတော့သည်။

"အကိုက ပါရဂူကြီး ဖြစ်ရမယ်လေ"

Gunရဲ့လက်တို့သည် တသိမ့်သိမ့်တုန်နေသော Off၏ ပုခုံးထပ်သို့ ခပ်တင်းတင်း ပွေ့ဖက်သွားကာ နှစ်သိမ့်ပေးနေတော့သည်။

"ကိုယ် ဒီအခွင့်ရေးကို မလိုချင်ဘူးဆိုရင်ရော"

"Gunကတော့ စိတ်ဆိုးရတော့မှာပဲ "

"ကိုယ် သွားခဲ့ရင်ရော"

"Gun ပျော်မှာပေါ့ အကိုOffရဲ့"

"တကယ်လား"

"အင်း...Gunကိုတော့ ရှုခင်းလှလှလေးတွေ ပို့ပေးဖို့မမေ့နဲ့နော်"

"Gunကို ကိုယ်က ပိုမမေ့ပါဘူး"

#########

"""""တူ တူ တူ"""""" တူ တူ တူ""""

"ဟေး...ထတော့"

"အာာားးးးကျေးဇူးပဲ"

အခန်းဖေါ် William ကတော့ ထုံးစံအတိုင်း အိပ်ယာထ နောက်ကျနေခဲ့ပြန်ပါသည်။ Offအကုန်လုံး ပြင်ဆင်ပြီးတဲ့အထိ မနိုးသေးတာမို့ ခေါင်းအုံးတစ်လုံးဖြင့် ရိုက်နှိုးလိုက်လေသည်။ ထူးဆန်းစွာဖြင့် ထိုသို့နှိုးခိုင်းသည်က Williamပင် ဖြစ်လေသည်။ ပုံမှန်နှိုးလို့ကတော့ ဘယ်တော့မှ မနိုးဟုလည်း ပြောပါသေးသည်။

"Hi...အသေးလေး"

"မင်္ဂလာပါ အကိုWilliam"

video callထဲကနေ မြင်နေရသည့် Off ချစ်သူ အသေးလေးကိုတော့ မနက်တိုင်း video callတွင် ရင်းနီးနေတာဖြစ်သည်။

Mine (Completed) Where stories live. Discover now