ep_11

529 57 12
                                    

ဆင်တူVanကားလေး (၃)စီးသည် လမ်းမကြီးပေါ်တွင် တရိပ်ရိပ် ပြေးနေပြီး တောင်ပေါ်မြို့လေး တစ်ခုသို့ ဦးတည်နေလေသည်။

မရပ်မနား မောင်းနှင်လာပြီးတဲ့နောက်တော့ လိုရာခရီးကို ရောက်လေသည်။ မြို့ပြနဲ့ဝေးတဲ့ အရပ်ဒေသက လူတွေပါမက ရှူရှိုက်ရတဲ့လေပါ မတူကွဲပြားလေသည်။ တောင်ယာစိုက်ဒေသမို့ မျက်စိတစ်ဆုံး လက္ဖက်ခင်းများ၊ စတော်ဘယ်ရီခင်းများ၊ လိမ္မော်ခြံများလည်း လမ်းဘေးဝဲယာ ကားဖြတ်လာသည့်တလျောက် အများအပြား တွေ့ခဲ့ရသည်။

ဒေသခံဦးကြီးများရဲ့ ဟန်ဆောင်မှုကင်းပြီး ကြည်ကြည်လင်လင်အပြုံးနှင့် စိမ်းလန်းတဲ့ အရပ်ဒေသရဲ့ လတ်ဆတ်တဲ့လေထုကြောင့် စိတ်ကြည်လင်ရသည်။

"Gunလေး၊ ရောက်ပါပြီ"

Lover seatမှာ တစ်လမ်းလုံး ငိုက်လိုက်၊ ငေးလိုက်၊ အိပ်လိုက်၊ စားလိုက်၊ သောက်လိုက်နဲ့ ပါလာတဲ့ Gunက ကားနောက်ခန်းထဲ ဝင်အိပ်ဖို့ပြောလည်း လက်မခံ။ ကျွန်တော် ကားမောင်းနေရင်း ပျင်းနေ၊ ငိုက်နေမယ် ဆိုးတယ်ပြောပြီး၊ ထိုကလေးပေါက်ကပဲ တစ်လမ်းလုံး ငိုက်လာတဲ့အဖြစ်ရောက်ရသည်။

ခုလည်း အတော်ကို အိပ်မောကျနေသည့် ထိုလူသားကိုပဲ နှိုးလိုက်ရသည်။ ဒါတောင် အီးအီး အဲအဲ လုပ်နေသေးသည်။

"ထတော့၊ ကလေး ၊ ရောက်နေပြီ"

"ရောက်ပြီလား"

မျက်လုံးတို့ကို ပွတ်ကာ ထိုင်နေရာမှ ပြန်မေးလေသည်မို့ Off ကပဲ ခါးပတ်ကြိုးကို ကူဖြုတ်ပေးလိုက်သည်။

"အင်း၊ ရောက်ပြီ၊ Droneတို့တောင် ဆင်းလည်နေပြီ"

"ဟာ... သစ္စာဖောက်တာကျန်၊ Gunကိုတောင် မစောင့်ဘူး"

"လာ၊ မျက်နှာသစ်လိုက် လန်းသွားအောင် ၊ ပြီးရင် သူငယ်ချင်းတွေဆီသွား"

"အွန်း"

ကားခေါင်းခန်းကနေ ခုန်ပေါက်ဆင်းကာ ကားနောက်ခန်းထဲဝင်ပြီး မျက်နှာသစ်နေလေသည်။ ပြီးနောက် ခုန်ပေါက်ကာ သူငယ်ချင်းတွေဆီ သွားလေတော့သည်။

"သားရီး ဘယ်လိုလဲ"

"ဒီလိုပါပဲ"

"ဟ၊ ညံ့လိုက်တာ၊ အိမ်က ထွက်မလာခင်ကတည်းက ငါပြောသလို လုပ်လိုက်ရင် အဆင်ပြေနေပြီ"

Mine (Completed) Hikayelerin yaşadığı yer. Şimdi keşfedin