ep_2

1K 89 6
                                    

ဆရာဝန်များ နားနေခန်းတွင်တော့ တို့လို့တွဲလောင်း အဝတ်တို့နဲ့အတူ နှစ်ထပ်ခုတင်၏ အောက်ထပ်၌ အမျိုးသားတစ်ယောက် အိပ်မောကျနေလေသည်။

တူ.....တူ.....တူတူ.....တူ....!

ဘေးနားရှိ စားပွဲပေါ်တွင် phက တတူတူအသံကို မကြားနိုင်လောက်အောင်ပင် အိပ်မောကျနေခြင်း ဖြစ်သည်။

"ဒေါက် ဒေါက်... Sun...Sun..."

တုံ့ပြန်သံ ကင်းမဲ့နေတာနှင့်အမျှ Off စိတ်မရှည်တော့ချေ။

တံခါးကို တွန်းဖွင့်ဝင်လိုက်တော့ ခုတင်ပေါ် မှ ခြေတစ်ဖက် တွဲလောင်းကျကာ အိပ်ပျော်နေသော Sunကို တွေ့လိုက်ရသည်။

"ဒီကောင် ဘယ်လိုတောင် သေနေတာလဲ... ဟိတ်ရောင် Sun Sun...အင်းဟယ်"

""" ဖြောင်း!!!!""""

လက်ဝါးစောင်းနှင့် လက်မောင်းတို့ ကျယ်လောင်စွာ ရိုက်နှက်သံ ထွက်ပေါ်လာတဲ့နောက်မှာတော့ Sunတစ်ယောက် လက်မောင်းပြုတ်ထွက်သွားသည်ဟု ခံစားမိလိုက်ပြီး ခုတင်ပေါ်မှ ခုန်ပျံကာ ထလာခဲ့သည်။

"ဘယ်သူ ဘာဖြစ်တာလဲ...လာပြီ လာပြီ"

ဂျူတီကုတ်ကို အပြေးလွှား ဝတ်ကာ မျက်မှန်ကောက်တပ်လိုက်ပြီးသည့်တိုင် ယိုင်ထိုးနေသည့် Sunကို Off ပုခုံးလှမ်းပုတ်ကာ ပြောလိုက်သည်။

"ဓါတ်ခွဲခန်းကို တာဝန်ခံဆရာဝန် တစ်ယောက်လွှတ်လိုက်ပါ ပြောလို့"

"သြော် အဲ့ဒါနဲ့ မင်းမသွားဘဲ ငါ့ကို ဂျင်းထည့်လိုက်တယ်ပေါ့လေ"

အင်္ကျီကို သေသေသပ်သပ် ပြုပြင်ရင်း သူ၏လက်မောင်းကို ခပ်ဖွဖွပွတ်ကာ Sunတစ်ယောက် မျက်မှောင်ကြီး ကျုံ့ထားလေသည်။

"အချစ်ကလေးရာ မင်းကမှ (၂)နာရီလောက် အိပ်ထားသေးတယ်လေကွာ.. ငါကမှ တရေးတောင် မမှေးရသေးဘူး"

"ပြီးရော ပြီးရော တော်ကြာနေ ဒေါသအိုးကွဲ ဌာနမှူးက ငါ့ကို ပတ်ရမ်းနေအုံးမယ် ခွေးကောင်Off ငါသွားပြီ"

အခန်းပြင်ထွက်ခါနီး Sunတစ်ယောက် ခြေဖျားဖြင့် Offတင်ပါးကို လှမ်းကန်သွားလေသည်။

ထိုစဉ်မှာပဲ သီးသန့်ထည့်ထားတဲ့ Ringtoneသံက စည်းချက်မှန်မှန် ထွက်ပေါ်လာသည်။

Mine (Completed) Where stories live. Discover now