ကိုယ်ချစ်တဲ့.....သူ.....8

10.3K 379 4
                                    

သူနဲ့အတူရှိနေရတဲ့အချိန်တွေဟာ အကုန်မြန်တာလား.....

သူ့အနားမှာနေခွင့်ရတဲ့ အခိုက်တန့်လေးဟာ လုံခြုံမှု့ကော နွေးထွေးမှု့ကော အပြည့်အဝ ကိုယ်ရခဲ့တယ်.......

ရေမိုးချိူးပြီး.နေ့လည်စာ စားတော့ ကိုယ်သိပ်လွမ်းနေတဲ့ အိမ်ချက်လက်ရာ...ထမင်းဟင်းအစုံနဲ့ ထမင်းဝိုင်းလေး..

"အရီးက ရန်ကုန်သူစစ်စစ်လေ ဒီမှာ အိမ်ထောင်ကျပြီး ဒီမှာပဲအခြေချနေနေလို့သာ...ထမင်းဟင်းသိပ်အချက်ကောင်းတာ...ကလေး ဘာကြိုက်တက်လဲ ကိုယ်မသိဘူး နောက်ကျ ကလေးမလေး ကြိုက်တက်တာတွေချက်ခိုင်းလိုက်မယ်နော်"

"ဒီလောက်ဆို လုံလောက်ပါတယ်..babyက အကြိုက်ရယ်လို့တော့မရှိဘူး....အကုန်စားတယ် ခါးတဲ့အရာတွေကလွဲရင်ပေါ့ အဆောင်မှာဆို ခေါက်ဆွဲပြုတ်လောက်ပဲအလွယ်စားနေကြ "

စကားလေးတွေပြောရင်း....သိချင်တာလေးတွေမေးရင်း ကိုယ်တို့နှစ်ယောက်ပိုရင်းနှီလားသလို ပိုပြီးနွေးထွေးမှု့ရှိလာခဲ့တယ်...

အဝါရောင်ပန်းပင်လယ်ကြီးထဲမှာ နှစ်ယောက်အတူ...ဓာတ်ပုံတွေရိုက်ရင်း...
ကုန်ဆုံးခဲ့ရတဲ့ ညနေခင်းလေးပါပဲ...

"တခြားနေရာတွေ နောက်တခေါက်မှ ကိုယ်နဲ့အတူသွားကြတာပေါ့...."

နောက်တခေါက်ရှိမရှိ မသိနိုင်ပေမဲ့ ဒီနေ့အတွက် တကယ်ပျော်ခဲ့ရပါတယ်......မိုးချူပ်ခါနီးပြီမို့ သူနဲ့ ခွဲရခါနီးလေ ကိုယ်မပျော်ရွှင်တော့လေ ဖြစ်လာမိပေမဲ့လို့....

အခုမှ အစမဟုတ်လား..........

သံယောဇဥ်တွေ မတွယ်မိအောင်နေကြ
ပါစို့ရယ်....

ဒုတ်ိယတခုကို ပထမတခုလိုမျိူး....

မနာကြင်ရစေပဲ အဆုံးသတ်ချင်တယ်........

"ကိုယ်မနက်ရန်ကုန်ပြန်ဆင်းရမယ် ဒီမှာလဲ သိပ်ထွေထွေထူးထူးမရှိတော့...ကိုယ်အပန်းဖြေအိမ်လေးမှာပဲ..ပြန်အိပ်လိုက်မယ်"

"အင်းလေ daddyက ဟိုမှာအလုပ်တွေကျန်ခဲ့မှာပေါ့....ဖုန်းဆက်လိုက်နော်...babyကို ဒီနားပဲ ချပေးခဲ့တော့...ဟိုတယ်ရှေ့ထိမပို့နဲ့တော့နော်"

ကိုယ်ချစ်တဲ့.....သူ(Complete) Where stories live. Discover now