ကိုယ်ချစ်တဲ့......သူ........3

13.7K 468 18
                                    

ကိုယ်ရောက်တာ တစ်ပတ်မြောက်နေ့မှာ...
အရာရာဟာ တဖြေးဖြေးချင်းနေသားကျလာခဲ့တယ် ..ကိုယ်ချစ်တဲ့တောင်ပေါ်မြို့လေးရယ်...မိုင်ရဲ့ ကူညီဖေးမ မှု့တွေရယ်နဲ့အတူ ကိုယ်တဖြေးဖြေးအဆင်ပြေလာခဲ့တယ်....တချက်တချက် ကိုကြီးကိုသတိရနေတက်တာ... အအေးဓာတ်ကဲတဲ့နေ့တွေတိုင်း..အအေးကြိုက်တဲ့ကိုကြီးဆိုဘယ်လောက်များသဘောကျလိုက်မလဲလို့တွေးမိတာရယ်.....တခါတရံ ခပ်မှောင်မှောင်အခန်းတောင့်မှာ တစ်ယောက်ထဲ ငိုနေတက်တာတွေကလွဲရင်ပေါ့......
တပတ်လုံးလုံးအဆက်သွယ်မရတာ သူစိတ်မပူဘူးလား...အကယ်၍များ ကိုယ်လမ်းမှာတစ်စုံတခုဖြစ်ခဲ့ရင်တောင်သူသိပါ့မလား....သိပ်နေစိမ့်တယ်.. သိပ်ရက်စက်တာပဲ....တနေကုန်ပင်ပန်းထားပေမဲ့အခန်းထဲရောက်ရောက်ချင်းထိန်းထားတဲ့ကြားက မျက်ရည်ကဝေ့တက်လာတယ်...လူပင်ပန်းရတာထက် စိတ်ပင်ပန်းရတာ ပိုနာကျင်စေပါလား.....
ဒီနေ့အဆောင်မှာ ကိုယ်တစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေ Dutyရှိတာမို့....အခန်းလေးအမှောင်ချရင်း....အခန်းထောင့်ကလေးမှာ စိတ်ရှိလက်ရှိငိုချလိုက်မိတယ်...ဝဋ်ကြွေးရှိလဲကျေပါစေတော့ ရန်ငြိူးရှိလဲပြေပါစေတော့

"ဒေါက်..ဒေါက်...ဒေါက်"

အဆက်မပြတ်ထွက်လာတဲ့ တံခါးခေါက်သံကြောင့် ကပြာကယာ မျက်ရည်စတို့သုတ်ရင်း အခန်းတံခါးဆီပြေးမိတယ်...မိုင် ဖြစ်လိမ့်မယ်ထင်တယ် စိတ်နုတက်ပြီး အမကြီးလိုစိတ်ပူပေးတက်တဲ့မိုင်သာ ကိုယ့်ပုံစံကိုမြင်ရင်..စိတ်ကောင်းမယ်မထင်ဘူး........ကို့အပူသူများမကူးအောင်သတိထားမှပေါ့..ငါ့နှယ့်..အော်ဟစ်ငိုနေမိတယ်...
ကိုယ့်ကိုကိုယ် အပြစ်တင်မိရင်း တံခါးအဖွင့်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သတိလက်လွတ် ဖြစ်သွားပြီးတခန မှင်သက်သွားမိတယ်.....
စနစ်တကျ လှန်တင်ဖြီးထားတဲ့ ဆံပင်ရယ်...ခပ်စူးစူးမျက်ဝန်းတစ်စုံရယ်..ကိုယ့်ထက်ခေါင်းတလုံးစာပိုမြင့်တဲ့အရပ်အမောင်းရယ်..ကြည့်လိုက်တာနဲ့ လူရည်သန့် အသိုင်းဝိုင်းကြီးထဲကမှန်းသိသာစေတဲ့အဆောင်ယောင်တွေနဲ့ အမျိူးသားတစ်ဦး

"ကိုယ့်ကြောင့်အနှောက်ယှက်ဖြစ်သွားရင် Sorryပါ သမီး "

ကိုယ်ချစ်တဲ့.....သူ(Complete) Where stories live. Discover now