ကိုယ်ချစ်တဲ့.....သူ......5

12K 468 1
                                    

"ကိုယ်နဲ့တွဲကြည့်မလား..."
မထင်မှတ်ပဲ chat boxကနေ ဝင်လာတဲ့စာကြောင့် မယုံနိုင်ဖြစ်ပြီး..အခေါက်ခေါက်ပြန်ကြည့်မိတယ်...သေချာအောင် Profileထဲထိ သေချာပြန်ဝင်ကြည့်လိုက်မိသေးရဲ့
AungMyin Thaw(Winner) အမှန်ပါ..ပုံကလဲ သူ...သူပါပဲ...သူမှသူအစစ်..အိမ်မက်များလားထင်မိအောင်ထိပါပဲ
"တမျိူးမထင်စေချင်ဘူး...မင်းလဲလူလွတ်လို့သိထားတယ်..ကိုယ့်လဲ လူလွတ်ပဲ မိန်းမမရှိဘူး..မင်းကိုလှည့်စားတာမဟုတ်ဘူး.တိတ်တိတ်ပုန်းမိန်းမထားချင်တာလဲမဟုတ်ဘူး...
ကိုယ်မင်းပုံစံလေးကိုစိတ်ဝင်စားတယ် အဆင်ပြေမယ်ဆိုတစ်ယောက်နဲ့တစ်ယောက်လေ့လာရင်းတွဲကြည့်စေချင်တယ်...အဆင်ပြေရင် ချစ်သူတွေအဖြစ်အဆင့်ဆင့်ထပ်သွားကြတာပေါ့...
ကိုယ့်ကိုအထင်မသေးစေချင်သလို..ဒီစကားကမင်းကိုအထင်သေးလို့ပြောတာမျိူးလုံးဝမဟုတ်ဘူး...
တကယ်လို့များ မင်းလက်မခံနိုင်ရင် ကိုယ်ပြောခဲ့တာတွေမေ့ပစ်ပေးပါ.....မင်းအလုပ်အပေါ်လုံးဝမသက်ရောက်စေရဘူး..ဒါကို့ရဲ့personal feeling onlyပဲ.."
ဆက်တိုက်ရောက်လာတဲ့စာတွေကိုဖတ်ကြည့်ရင်း...ရင်တွေ ခုန်လိုက်တာမှရပ်တန့်တော့မတက်ပါပဲ..ကိုယ် သူကိုမှီတွယ် ဖက်တွယ်ထားလိုက်ချင်တယ်.....
"ဒါဟာ Social mediaမို့ ညီမယုံဖို့ခက်တယ်ဆရာ..တကယ်personal feelingအစစ်အမှန်ဆို လူကိုယ်တိုင်တွေ့ပြီးပြောပေးပါ..... ညီမ လဲ မျက်နှာချင်းဆိုင်ပြောပြီးတာနဲ့ တခါတည်းဆုံးဖြတ်ချက်ချပါ့မယ်ရှင့်...ညီမကိုအထင်သေးလို့ပြောတာမဟုတ်တဲ့အတွက်ကျေးဇူးတင်သလို ဒီစာပို့လိုက်တာ ဆရာအမှန်ဆိုရင်တောင်..ညီမအထင်သေးဖို့လုံးဝမရှိပါဘူးရှင့်"
"Ok မင်းဖုန်းနံပတ်ရှိတယ်...ကိုယ်မကြာခင်ခေါ်လိုက်မယ် See You"

စနောက်ရင်းပြီးသွားခဲ့မယ်လို့ပဲမှတ်ယူထားပြီး ဘာမှမမျှော်လင့်ခဲ့ပေမယ့် သူတကယ်ဖုန်းဆက်လာတယ်...ကိုကြီးကြောင့်ပူလောင်နေရတာတွေ မီးကိုရေနဲ့ ညိမ်းလိုက်သလို ဘယ်ရောက်ကုန်တယ်မသ်ိ...
သူကလာဆော့ကစားတာဆိုရင်တောင်..ကိုယ်တကယ်သူ့ကိုလက်ခံပြီး..ခနတာတွယ်ငြိထားမှဖြစ်မယ်..သူနဲ့စကားပြောနေရရင်..ဖုန်းထဲက သူ့အသံခပ်သြသြလေးကြားရရင် ကိုကြီးကိုလဲမေ့သွားတယ်..အပူတွေကိုလဲမသိတော့ဘူး ပန်းခင်းကြီးထဲ သူနဲ့ကိုယ်သာလျှင်ရှိနေကြသလို ခံစားရစေတယ်.....
ကိုကြီးကိုသံယောဇဥ်ပြတ်ဖို့..သူ့ကို ခနတော့မှီတွယ်မှဖြစ်မယ်....
ညတိုင်း လိုလို ကိုယ်သူနဲ့ဖုန်းတွေပြောဖြစ်တယ် ကိုယ်သိချင်တာအားလုံး ပွင့်ပွင့်လင်းလင်းပဲ မေးပိုင်ခွင့်ရှိတယ်..
သူ့ဘက်ကလဲ မခြွင်းမချန်ဖြေပေးတယ်လို့လဲ..ခံစားမိတယ်..
ကိုယ်သူ့ကို ယုံကြည်လာတယ်...အရင်က အရမ်း ကိုရှည်လျှားတဲ့ညတာတွေတောင် တိုတက်ခဲ့ပြီ....
ကိုကြ်ိီးဆီက ဖုန်းတွေဝင်မလာခဲ့တော့ပေမဲ့..သူ့ဆီက ဖုန်းကတော့ ညတိုင်းလိုလိုဝင်လာတက်ခဲ့ပြီ..ကိုယ်ကလဲသူ့ဖုန်းဆိုမျှော်တက်လာပြီလေ...
ည.. ၈နာရီ တိုင်းပုံမှန်လိုလိုအတိအကျ ဝင်လာတက်တဲ့ သူ့ဖုန်းလေးတွေ..အလုပ်တွေဘယ်လောက်ရှုပ်ကြောင်း ဘာနဲ့ ထမင်းစားကြောင်းကအစ..chat boxကနေပုံလေးတွေနဲ့..တွဲပို့တက်တယ်..
တကယ်တော့ကို့အပေါ် အချိန်ပေးနိုင်ခြင်းမပေးနိုင်ခြင်းဆိုတာ...သူ့ကို့အပေါ် ဘယ်လောက် စိတ်ဝင်တစားရှိသလဲ နဲ့ပဲဆိုင်မယ်ထင်တယ်...
သူ့လောက်အလုပ်ရှုပ်တဲ့သူပဲ ရှိပါ့အုန်းမလား...တခြားသူတွေနဲ့မယှဥ်နိုင်တောင်မှ..ကိုကြီးထက်တော့အလုပ်ရှုပ်မှာအသေအချာပဲလေ...
ဒါပေမဲ့ ကိုကြီးဆီကတော့ ဘယ်တုန်းကမှ ဒါမျိူးမရခဲ့ဖူးဘူးလေ...
ည၁၁နာရီထက်နောက်ကျပြီးမနေဖို့..သူအမြဲမှာတက်တယ်...အလုပ်ပိတ်တဲ့ အချိူ့ရက်တွေဆို တခါတရံကိုယ်တို့ ညလုံးပေါက်ထိစကားတွေပြောတက်တယ်...
တဖြေးဖြေးနဲ့ သူနဲ့ကိုယ် ရင်းနှီးလာတယ်ထင်ပါရဲ့...
အသံသြရှရှလေးပိုင်ဆိုင်ထားတဲ့သူမှာ ပျားရည်ထက်ချိူတဲ့စကားလုံးလေးတွေလဲရှိနေတက်ပြန်ရော.....
"လူငယ်တွေနဲ့အမှီခေတ်ကိုလေ့လာထားရတာကွ... တော်ကြာ ကိုယ့်လိုအဖိုးကြီးကို..ကလေးမလေးစိတ်ကုန်ပြီး.ချန်ခဲ့မှာစိုးလို့"
တဲ့လေ...တက်လဲတက်နိုင်ပါ့
"ဆရာက အဖိုးကြီးမဟုတ်သေးပါဘူးနော်..ခုထိ၃၆လို့မထင်ရအောင်..နုပျိူနေတုန်းး.ဘယ်သူ့မေးမေး ဘေဘီထက် ၅နှစ်လောက်ပဲ ကြီးတယ်ထင်ကြမှာ.."
လို့များ ပြန်ပြောမိရင်...ဟက်ဟက်ပက်ရယ်မောတက်ပြီး..သဘောအကျကြီး ကျနေတက်ပြန်ရော..
ခုထိမဆုံဖြစ်ကြသေးပေမဲ့လဲ....မထင်ရင်မထင်သလို luxury brandတွေ ပို့ပေးတက်သေးတာ...
တခါတလေ..တစ်သောင်းတန်အပြည့်နဲ့ ပန်းစည်းတွေ.....တခေါက်တမျိူးမရိုးရအောင်...စီစဥ်ပြီးပို့ပေးတက်တယ်...
"ယူတကယ်ပဲ ဥက္ကဋ္ဌ သမီးများလား
..brandတွေကြီး ရောက်ရောက်လာတာနော် "
ဆိူပြီး လုပ်ဖော်ကိုင်ဖက် တွေမေးကြရတဲ့အထိ...သူတို့က တကယ်ချမ်းသာတဲ့မိသားစုကလို့ ကိုယ့်ကိုထင်နေကြသေးတာ...
"ဆရာ..အာ့လိုတွေဆက်ပို့မယ်ဆိုရင်..ဘေဘီ...ထွက်သွားရလိမ့်မယ်ဆရာ...ဘေဘီ brandတွေ ပိုက်ဆံတွေမလိုဘူး ချစ်ခြင်းမေတ္တာတွေပဲလိုအပ်တာ"
လို့ပြောလိုက်မှ...လက်ဆောင်တွေရောက်ရှိလာတက်ခြင်းက ရပ်တန့်သွားခဲ့တယ်...

ကိုယ်ချစ်တဲ့.....သူ(Complete) Where stories live. Discover now