ကိုယ်ချစ်တဲ့.. သူ ၂၇

9.7K 327 6
                                    

" daddy "

ခေါ်သံနဲ့အတူ နောက်ကနေ သူ့ခါးကို ပြေးဖက်လာတဲ့ သူမ.....
ဘယ်အချိန်က နိုးလာတာပါလိမ့်........

" ဘာကြောင့် baby ပေါ် ဒီလိုတွေ ရက်စက်နေရတာလဲ ဒယ်ဒီရယ် baby ဘာမှားလို့လဲ ဆိုတာ ပြောပြမှပေါ့ "

" ညည့်နက်နေပြီ အိပ်တော့ ကိုယ်အရာရာအားလုံး ကြိုးစားနေတယ် "

'' ဘာတွေများ ကြိုးစားနေလဲ ဒယ်ဒီရယ် ဘေဘီကိုလဲ ပြောပြမှပေါ့ မှားတာရှိရင်လဲ ပြင်ပါ့မယ်....ဘေဘီ..ဘေဘီ စိတ်တအားပင်ပန်းနေပြီ မရက်စက်ပါနဲ့တော့လား ခံနိုင်ရည်မရှိတော့ရင် ထွက်သွားမိလိမ့်မယ် ဒယ်ဒီ မရှိပဲလဲ မနေနိုင်ဘူး "

ပြောလဲပြော အော်ငိုနေရှာတဲ့ သူမ...
သူ့နားကထွက်သွားချင်သတဲ့လား

" ကိုယ်က မစွန့်လွှတ်နိုင်လို့ မင်းကို ခွင့်လွှတ်ဖို့ကြိုးစားကြည့်နေတယ်...မင်းကတော့ မှားရင်ပြင်မယ်တဲ့လား အစထဲကမမှားအောင်နေခဲ့မှပေါ့ ထွက်သွားမိလိမ့်မယ် တဲ့လား..ငါ့ကို မခြိမ်းခြောက်နဲ့ဘေဘီ မင်းခံစားနေရတဲ့ စိတ်ပင်ပန်းခြင်းက ငါ့တစ်ဝက်တောင်မရှိသေးဘူး "

သူမ လက်ကို ဖြုတ်ချပြီး သူထွက်သွားခဲ့တယ်..

သူ လာလာ ကြည့်နေတက်တာ သူမ သိနေခဲ့တာလား..နောင်ဘယ်တော့မှ သူမဆီ သွားခိုးမကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်....

မင်းအသံကြားတိုင်း မင်းငိုသံတွေကြားတိုင်း မင်းကိုကြီးမျက်နှာ မင်းတို့နမ်းနေကြတဲ့ပုံရိပ်တွေပဲ မြင်​ယောင်လာတာခက်တယ်

ဟိုတွေး ဒီတွေးနဲ့ တညလုံးလဲ ကောင်းကောင်း အိပ်မပျော်ခဲ့....

အလုပ်လုပ်တော့လဲ စိတ်ကမပါ...

" Hello ကိုသော် "

ခေါ်သံကြောင့် အလုပ်လုပ်နေရင်းက မော့ကြည့်တော့

" ဟန်နီခြူး..ဘယ်တုန်းက မြန်မာပြည်ပြန်ရောက်တာလဲ "

'' လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ကိုသော်တို့များ Wedding ကို တို့ကိုတောင် မဖိတ်ဘူးနော် "

ဟန်နီခြူး ဆိုတာ ဒယ်နီရယ်လ်နဲ့ စေ့စပ်ထားသူ....

အသိုင်းဝိုင်းကြီးက မိန်းကလေးပေမဲ့ ဇယားက ခပ်ရှုပ်ရှုပ်မို့ သူ သဘောမကျ...
သူနဲ့ အိမ်ချင်းကပ်အတူကြီးပြင်းလာခဲ့သူဖြစ်ပြီး...သူတို့ကို မေမေ လက်ဖွဲ့တဲ့အိမ်က ဟန်နီခြူးတို့ အရင်ကနေသွားတဲ့အိမ်...

ကိုယ်ချစ်တဲ့.....သူ(Complete) Where stories live. Discover now