ကိုယ်ချစ်တဲ့...သူ....2

15.3K 465 5
                                    

ရှမ်းပြည်နယ် (တောင်ပိုင်း). ..ပင်လယ်ရေမျက်နှာပြင်အထက် ၄၂၉၇ပေ(၁၃၁၀မီတာ)ခန့်တွင်တည်ရှိသော..ကလောမြို့လေးကိုခြေချလိုက်တာနဲ့ အလိုလိုကြည်နူးပြီး အေးချမ်းမှု့ကို ခံစားလိုက်ရတယ်......တောင်ပေါ်မြို့လေးမို့ ၁၂ရာသီပတ်လုံး ချွေးမထွက်ဘူးဆိုတဲ့ ဂုဏ်ပုဒ်လေးအတိုင်းးးး မြို့အဝင်ဆိုင်းပုဒ်လေးကို မြင်တာနဲ့ ချမ်းစိမ့်စိမ့် ရာသီဥတုရဲ့ အငွေ့အသက်ကလေးကို အလိုလိုခံစားမိပါတယ်....
ချမ်းစိမ့်စိမ့်ရာသီဥတုရယ်...ကော်ဖီပူပူလေးတစ်ခွက်ရယ်...ကိုယ်ချစ်တဲ့သူရယ် ရင်ခွင်နွေးနွေးလေးရယ်....ကလောမြို့လေးရယ်နဲ့ဆိုရင် ကို့အတွက်အရာရာပြည့်စုံလုံခြုံပြီ......
အခုတော့...ကိုယ်တစ်ယောက်ထဲ ဘဝအတွက်ရုန်းကန်ရအုန်းမပေါ့လေး...
ဘာပဲပြောပြော ဒီမြို့လေးကိုခြေချလိုက်တာနဲ့ ဘဝအပူမီးတွေ အနည်းငယ်သက်သာရာ ရစေတာအမှန်ပါပဲ..ချစ်ရပါသော ကလောမြို့လေးရယ်..ပထမဆုံးရောက်ဖူးပေမဲ့ ကိုယ်သိပ်ချစ်မိသွားပြီ...
ကိုယ့်ကိုဆီးကြိုနေတဲ့ ခန့်ညားလှတဲ့ ကိုယ့်လုပ်ငန်းခွင်လေးဟာလဲ ကလောမြို့လေးနဲ့အပြိုင် ခမ်းနားလှပနေလိုက်တာ....သူများတွေ batchတခုထဲကိုပဲ..အနည်းဆုံးသုံးယောက်အတူတူ တစ်မြို့ထဲ တာဝန်ကျကြပေမဲ့...ကလောကိုတော့ ကိုယ်တစ်ယောက်ထဲသွားရတာမို့ အားငယ်သယောင်အထီးကျန်သယောင်ဖြစ်နေတာတွေ..အားလုံးပျောက်ရှသည်အထိ အပြုံးချိူချိူနဲ့ ကြိုဆိုပေးကြတဲ့ အကိုအမ တွေ...

"ရန်ကုန်ကလာမဲ့ ဝန်ထမ်းအသစ်ဒီနေ့ရောက်မယ်ဆိုလို့ အားလုံးကမျှော်နေကြတာ"

တဲ့လေ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်ကြသလဲဆိုတာ..ဟိုတယ်မန်နေဂျာအကိုကစပြီး..အားလုံးဖော်ဖော်ရွေရွေရှိကြတယ် ကိုယ့်လိုရန်ကုန်ကနေ တာဝန်ကျတဲ့သူတွေရှိကြပေမဲ့... အများစုဟာ ဒေသခံဝန်ထမ်းတွေပေါ့...
"ရန်ကုန်ကဝန်ထမ်းအသစ်တွေရောက်လာလိုက် မိုင်တို့က သံယောဇဥ်တွေဖြစ်လိုက်...တနှစ် နှစ်နှစ်လောက်ဆို ရုံးချူပ်ကပြန်ခေါ်လို့ ရန်ကုန်ပြန်သွားလိုက်ကြနဲ့ ...ဒီကလွမ်းကျန်ခဲ့လိုက်နဲ့ သံသရာတွေကိုလည်နေရောပဲ သော်ရယ် "
ကိုယ်နေရမဲ့အခန်းကိုလိုက်ပြရင်း ဒီHotelရဲ့ လုပ်သက်အကြာဆုံးလဲ ဖြစ် ဒေသခံလဲ ဖြစ်တဲ့ မိုင်နန်းဝေ က အပြုံးလေးနဲ့ ရှင်းပြနေလေရဲ့....ချစ်ဖို့ကောင်းတဲ့အပြုံးလေးနဲ့ အသားဖြူဖြူဖော်ရွေသူလေးက သူ့ကိုယ်သူ မိုင် လို့ပြောတက်သလို ကိုယ့်ကိုလဲ သော်တဲ့လေ...
ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ကိုယ်တို့
ရဲ ့ Winner Hotelဟာ စျေးနဲ့နီးသလို အချက်ချာကျတဲ့နေရာမှာ တည်ရှိတယ်တဲ့.....
ဟိုတယ် အနောက်ခြံဝန်းထဲမှာ ဝန်ထမ်းတွေနေဖို့ အဆောင်တွေကိုလဲ အကျအန သပ်သပ်ရပ်ရပ် တည်ဆောက်ပေးထားသလို အခန်းထဲမှာလဲ ဟိုတယ်အခန်းတွေလို လိုလေသေးမရှိ ထည့်ပေးထားသေးရဲ့

ကိုယ်ချစ်တဲ့.....သူ(Complete) Where stories live. Discover now