ကိုယ်ချစ်တဲ့...သူ...9

10.1K 376 0
                                    

ကိုကြီးဟာ..ကိုယ့်ဘဝထဲကအပြီးအပိုင်ထွက်သွားခဲ့ပြီ... ကိုကြီးကို..ကိုယ့်ဘဝထဲကထုတ်ပစ်လိုက်ဖို့..ကိုယ်အတော်တုန်လှုပ်စွာနဲ့ကြိုးစားရအုန်းမယ်ထင်ပါရဲ့....

အရင်က တိတိကျကျပြောရရင်လွန်ခဲ့တဲ့နှစ်နှစ်န်ိီးပါးလောက်ထဲက....
ကိုကြီးနဲ့အဆင်မပြေမှု့ပေါင်းများစွာရှိခဲ့တယ်.....
မျက်ရည်တွေကျရင်း...အိပ်ယာဝင်ခဲ့ရတဲ့နေ့ပေါင်းမနည်းပါပဲ...
တခါတလေ တစ်ပတ်...
တခါတလေ..တစ်လ အကြာဆုံး....သုံးလ လောက်ထိအဆက်သွယ်တွေပြတ်နေခဲ့ကြဖူးတယ်.....
ဘာတွေကဘယ်လိုစဖြစ်ခဲ့ကြတဲ့ရန်ပွဲတွေမှန်းမသိပေမဲ့...
မျက်ရည်တွေရင်းပြီး...အကြိမ်ကြိမ်အဖက်ဆယ်ခဲ့ဖူးတယ်...
အက်ကွဲနေတဲ့ ဆက်ဆံရေးတခုကို ဖက်တွယ်ထားရင်း....
ကိုယ်စွန့်လွှတ်ဖို့ တစ်ကြိမ်တစ်ခါတောင်မတွေးခဲ့ဖူးဘူး.....ဒီလိုအေးစက်ဖွယ်နေ့ရက်တွေအကြောင်း...ပိုလို့တောင်မတွေးမိခဲ့ပါဘူး.....

ကလေးမလေး ကိုယ်နဲ့အနီးဆုံးကိုပြန်လာသင့်ပြီမထင်ဘူးလား..

သူ..ပို့လာတဲ့messageကြောင့် ကိုယ်အံသြမိတာအမှန်ပါ...
သူဘာကိုဆိုလိုချင်တာလဲ ကိုယ်မသိဘူး...ရန်ကုန်ပြန်လာစေချင်တာလား...
ကိုကြီးရှိမဲ့နေရာမှာ ကိုကြီးနဲ့အမှတ်တရတွေအပြည့်ရှိနေမဲ့နေရာမှာ လွယ်လွယ်ကူကူပြန်အသားကျဖို့ ကိုယ့်အတွက်လွယ်ကူပါ့မလား......
သံယောဇဥ်ကြိုးတွေကသိပ်ခက်ပါတယ်....
ကိုယ်ဒီလို ဝေဝါးနေခဲ့တဲ့အချိန်အတွင်း သူဟာ ကိုယ့်ကို သူ့အနီးပြန်ခေါ်ဖို့စီစဥ်နေပုံရပါရဲ့....
အင်းလေ ကိုယ်တို့နီးဖို့ဆို သူဒီမှာလာအခြေချဖို့မှမဖြစ်နိုင်ပဲ.......
ကိုယ်သူ့ဆီဖုန်းခေါ်လိုက်မိတယ်

"Hello daddy ဖုန်းပြောလို့အဆင်ပြေရဲ့လား"

"ပြေပါ့ဗျာ..ခုပဲ ကလေးမလေးဆီဆက်တော့မလို့ "

"ခုန ပို့တဲ့messageကဘာအဓိပ္ပါယ်လဲဟင်"

"ကိုကို...လို့ခေါ်ရင်ပြောပြမယ်"

"အာ daddyကလဲ"

"စတာပါကွာ...ကလေးမလေးကျောင်းနားထားတာကိုယ်သိတယ်...လာမဲ့နှစ်မှာတော့ ကျောင်းပြန်တက်စေချင်တယ်..Final တနှစ်လေးပဲကျန်တော့တာ
ဘွဲ့ဝတ်စုံလေးနဲ့ကလေးမလေကိုမြင်ချင်တယ်...မိဘတွေမရှိပေမဲ့...ကလေးမလေးရဲ့မိသားစုနေရာကနေ ကိုယ်ဂုဏ်ယူပြီးခန်းမထဲလိုက်ခဲ့ချင်တယ်....ကိုယ် ့ဆန္ဒတွေဖြည့်စည်းပေးနိုင်မလား"

ကိုယ်ချစ်တဲ့.....သူ(Complete) Where stories live. Discover now